Movie Name
Skiptrace (2024)
Year
2024
Generes
Action, Crime
Code
CN1029
Type
Movie
Size
1.20 GB
Country
China
Description
ဒီတစ်ခါ CM ကနေခပ်မိုက်မိုက်အက်ရှင်ဇာတ်ကားလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ နာ့ရှ်အုပ်စုရဲ့မင်းသမီးကို စေတန်အဖွဲ့ပြန်ပေးဆွဲထားတာကြောင့် စနိုက်ပါအဖွဲ့ဖြစ်တဲ့မြေခွေးအမဲလိုက်အဖွဲ့က မင်းသမီးကိုကယ်ထုတ်ဖို့ကြိုးစားပါတယ်။ မြေခွေးအမဲလိုက်အဖွဲ့ဆိုတာကတော့ ကြေးစားသေနတ်သမားတွေဖြစ်ပေမဲ့ အ ားနွဲ့သူကိုကူပြီး မတရားအနိုင်ကျင့်တဲ့လူတွေကိုရှင်းပစ်တဲ့အဖွဲ့တစ်ဖွဲ့ပေါ့။ တစ်နေ့မှာခေါင်းဆောင်ချာကျင့်နှုတ်ထွက်သွားတဲ့နောက်မှာတော့ အဖွဲ့လည်းပျက်သွားခဲ့တယ်။ 442 ဒီလိုနဲ့ ၃ နှစ်ကြာပြီးနောက် ချာကျင့်နဲ့သူ့ဇနီးလောင်းလေး စူးယာတို့ကအေးအေးချမ်းချမ်းနဲ့ ၂ ယောက်သားဘဝကိုကြည်ကြည်နူးနူး ဖြတ်သန်းနေချိန် တိုနီဆိုတဲ့ အရင်တုန်းက မြေခွေးအမဲလိုက်အဖွဲ့ဝင်ကချာကျင့်ကိုလာရှာခဲ့တယ်။ အကြောင်းရင်းကတော့ Bettre ပိုးတွေပြန့်နှံ့နေပြီး အဲ့ပိုးဟာတမင်စေတန်ကကြံစည်ထုတ်လွှတ်တာဖြစ်ပြီး အဲ့အတွက်ပိုးသတ်ဆေးကို စျေးကွက်ထဲမှာအဆမတန်စျေးနဲ့ ရောင်းအမြတ်ထုတ်ဖို့ရည်ရွယ်နေတာကြောင့် အဲ့ပိုးဖြန့်ရာစက်ရုံကိုရှင်းဖို့ ချာကျင့်ဆီအကူအညီတောင်းခဲ့တယ်။ ဒါပေမဲ့လည်းချာကျင့်က သူ့ဇနီးနဲ့ဘဝကိုအေးအေးချမ်းချမ်းကုန်ဆုံးခြင်းကြောင်းငြင်းဆန်လိုက်တာပေါ့ ။ဒီလိုနဲ့ ဒုတိယမြောက်နေ့မှာ စူးယာတစ်ယောက်ပြန်ပေးဆွဲခံလိုက်ရတာသိတော့ ချာကျင့်တစ်ယောက်ဒေါတပုန်ထပြီး တိုနီကိုသွားရှာပြီး တိုနီနဲ့ပူးပေါင်းကာ မိန်းမကိုကယ်ထုတ်ဖို့ ကြိုးစားပါတော့တယ်။မထင်ထားတဲ့လှည့်ကွက်တချို့နဲ့ အမိုက်စားအက်ရှင်တွေနဲ့ဖြစ်တာကြောင့် အက်ရှင်ကားကြိုက်နှစ်သက်သူတွေအတွက် သဘောကျမဲ့ဇာတ်ကားလေးတကားပဲဖြစ်ပါတယ်