Movie Name
Mandoob (Night Courier) (2023)
Year
2023
Generes
Crime, Drama, Thriller
Code
IND1564
Type
Movie
Size
697 MB
Country
Bollywood
Description
Night Courier (2023) ညဝန်ထမ်း IMDb 7.6/10 သည်းထိတ်ရင်ဖို ဟာသ ဇာတ်လမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ ဖာဟတ်နာဆာက service center တစ်ခုမှာအလုပ်လုပ်နေတာပါ။ တစ်နေ့သူ့အထက်လူကြီးက ရုံးခန်းကိုခေါ်တွေ့ပါတယ်။ ပြီးတော့သူ ဖုန်းလက်ခံဖြေဆိုတဲ့ အသံဖိုင်ကိုဖွင့်ပြတဲ့အခါ အဲဒီအသံဖိုင်မှာ မိန်းကလေးတစ်ယောက်က သူလိုင်းပြတ်နေလို့အကူအညီတောင်းထားတာပါ။ သူကလိုအပ်တဲ့အချက်အလက်တွေတောင်းတော့ ကောင်မလေးက သူ့လိုင်းမဟုတ်ကြောင်း၊ သူ့‌အဖေလိုင်းဖြစ်ကြောင်း ပြောတော့ ဖာဟတ်ကလည်း သူအကူအညီမပေးနိုင်ကြောင်းပြန်ပြောပါတယ်။ ဒါကိုကောင်မလေးက မကျေမနပ်ဖြစ်ပြီး မန်နေဂျာကိုခေါ်ခိုင်းခဲ့တဲ့အသံဖိုင်ပါ။ သူကခေါ်ပေးပါမယ်ပြောအပြီး ဖုန်းကကျသွားပါတယ်။ အဲဒီအသံဖိုင်ကိုနားထောင်ပြီး သူ့အထက်လူကြီးကသူဟာဖုန်းစစချင်းမှာ စက္ကန့်ပိုင်းလောက်တုန့်ဆိုင်းပြီးမှ ပြန်ဖြေကြောင်း စည်းကမ်းချိုးဖောက်ကြောင်းနဲ့ ဖုန်းကိုချလိုက်‌ကြောင်း ပိုဆိုးတာက ဒါကဒုဥက္ကဌရဲ့သမီးဖြစ်နေတဲ့အပြင် သူဒီလိုစည်းကမ်းချိုးဖောက်တာ တစ်ခါနှစ်ခါမကတော့ကြောင်းပြောပါတော့တယ်။ သူ့ကိုသက်ညှာပေးတဲ့အနေနဲ့ အလုပ်ထုတ်တာမဟုတ်ဘဲ နှုတ်ထွက်စာရေးခိုင်းခဲ့ပါတယ်။ ဒါကိုသူကလည်း သူ့အမှားမဟုတ်တဲ့အကြောင်းပြောပြီး လက်မှတ်မထိုးဘဲ ရုံးခန်းကထွက်လာပါတယ်။ အပြင်မှာတော့ လူတွေရဲ့ထုံးစံ သူ့ကိုတီးတိုး အတင်းပြောသံတွေနဲ့ ပြည့်နေတာပါ။ ဖြစ်ချင်တော့သူ့အလုပ်ကအထက်လူကြီးဟာ သူ့သူငယ်ချင်းဖြစ်နေပါတယ်။ သူဟာသူ့ဖခင်ကို ပြုစုလုပ်ကျွေးချင်လို့ အလုပ်ကိုလျှော့လုပ်ခဲ့ပြီး သူပေးခဲ့လို့ဒီနေရာရတယ်ဆိုတဲ့အတွေးနဲ့ မကျေမနပ် ပေါက်ကွဲပြီး သောင်းကြမ်းခဲ့ပါတော့တယ်။ အဲဒီလိုနဲ့သူဟာအလုပ်ထွက်ရပြီး အလုပ်အသစ်မှာ ဘာအလုပ်လုပ်တွေလုပ်ရမလဲ ဘယ်လိုကိစ္စတွေကြုံတွေ့ဖြေရှင်းရမလဲ ဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။