Movie Name
A Virtuous Business (2024)
Year
2024
Generes
Comedy, Drama
Code
SKR1058
Type
Movie
Size
5 GB
Country
Korea
Description
အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး ဒီတစ်ခါမှာတော့ 2016မှာ နာမည်ကြီးခဲ့တဲ့ Brief Encounters ဆိုတဲ့ ဗြိတိန်ရုပ်ရှင်စီးရီးကို ပြန်လည်ရိုက်ကူးထားပြီး ပရိတ်သတ်ရင်းနှီးပြီးသား Kim So Yeon၊ Kim Sun Young၊ Lee Se Hee နှင့် Kim Sung Royung တို့အပြင် သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတဲ့ A Virtuous Business ဆိုတဲ့ ဟာသ စီးရီးသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ရှင်။ ဇာတ်လမ်းအကျဉ်း *************** Han Jung Sook ကတော့ သာမန်အိမ်ရှင်မဘဝကိုပဲ ဖြတ်သန်းနေရင်း ငွေရေးကြေးရေး အခက်အခဲကြုံလာတဲ့အခါ ပြည်ပမှသွင်းတဲ့ adult products တွေကို တစ်အိမ်ဝင်တစ်အိမ်ထွက် စျေးရောင်းရင်း သူ့မှာ မားကတ်တင်းနဲ့ အရောင်းပိုင်းမှာ ပါရမီပါမှန်း သိခဲ့ရသူလေးပေါ့။ Oh Geum Hee ကတော့ အိမ်ကစီစဉ်ပေးတဲ့လူနဲ့ လက်ထပ်ပြီး ယောက်ျားဖြစ်သူရဲ့ မွေးရပ်မြေကို ပြောင်းလာခဲ့ရာက ချမ်းသာပေမဲ့ ပျော်ရွှင်မှုရှိတဲ့ဘဝမှာ မနေချင်လို့ Jung Sook နဲ့ အတူ ပစ္စည်းလိုက်‌ရောင်းနေတဲ့သူပါ။ Seo Young Bok တို့ မိသားစု ၆ ယောက်ကတော့ ဆင်းရဲတာကြောင့် တစ်ခန်းတည်းမှာပဲ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ အိပ်ရတာကြောင့် ပိုက်ဆံရှာဖို့အတွက် adult products တွေ ရောင်းချတဲ့အလုပ်ကို လက်လှမ်းခဲ့တဲ့သူလေးဖြစ်ပြီး Lee Joo Ri ကတော့ အလှပြင်ဆိုင် ဖွင့်ထားပြီး မရင့်ကျက်တဲ့ single mom တစ်‌ယောက်ပေါ့။ Adult products တွေကို ရောင်းချတဲ့အလုပ်က သူ့ရဲ့ ပျင်းစရာကောင်းတဲ့ ဘဝအတွက် ပျော်ရွှင်မှုတစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပြီး ဒီအလုပ်ကနေ ပြောင်းလဲလာတဲ့ သူမကိုယ်သူမ တွေ့လာရတဲ့အခါမှာတော့..။ ဒီကားလေးထဲမှာတော့ မတူညီတဲ့ အကြောင်းအမျိုးမျိုးကြောင့် စီးပွားရေးအတူတူလုပ်ဖြစ်သွားပြီး “Sex” ဆိုတဲ့စကားကို တားမြစ်ထားတဲ့ 1992ခုနှစ်မှာ ပြည်ပမှသွင်းတဲ့ adult products တွေကို ရောင်းချရင်းကနေ ငွေရေးကြေးရေးအရ အမှီအခိုကင်းပြီး ရင်းနှီးမှုတွေ တိုးလာကြတဲ့ အမျိုးသမီး ၄ ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ဟာသလေးနှောပြီး ရိုက်ကူးထားတာဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ကြောင်း ညွှန်းဆိုချင်ပါတယ်။