Movie Name
Light Shop (2024)
Year
2024
Generes
Horror, Thriller
Code
ST1032
Type
Series
Size
2.96 GB
Country
Thai
Description
1-8 complete အမှောင်ထုကြီးစိုးရာ လမ်းကြားလေးတစ်ခုထဲက ရှေးဟောင်းမီးဆိုင်းတွေ၊ မီးလုံးတွေကို ရောင်းတဲ့ လျှိဝှက်ဆန်းကြယ် မီးအိမ်ဆိုင်လေးတစ်ဆိုင်။ ဆိုင်ပိုင်ရှင်ဟာလည်း ထူးဆန်းသလို လာရောက်ကြတဲ့ ဧည့်သည်တွေဟာလည်း သာမန်မဟုတ်ပါဘူး။ ဆိုးရွားတဲ့အတိတ်ကြောင့် ပစ္စုပန်မှာ ခက်ခဲပင်ပန်းနေတဲ့ လူတွေဟာ နိစ္စဓူဝဘဝမှာ ရှင်သန်ရင်း ထူးဆန်းစွာနဲ့ပဲ ဒီမီးအိမ်ဆိုင်ဆီကို ရောက်လာခဲ့ကြတယ်။ သေခြင်းတရားနဲ့ ရှင်ခြင်းတရား စပ်ကြားမှာရှိတဲ့ ဒီနေရာကို မျက်စိမှောက် လမ်းမှားလာကြတဲ့သူတွေဟာ အလင်းကို ရှာနေကြသူများလိုပြောရင် မမှားဘူးပေါ့။ မျက်မှန်နက်ကြီးတစ်လက်နဲ့ မီးဆိုင်ကိုစောင့်ကြပ်တဲ့ ဆိုင်ပိုင်ရှင်ကရော ဒီလူသားတွေ ရှာဖွေနေတဲ့ အဖြေကို ပေးနိုင်ပါ့မလား..။ ဒီထူးဆန်းလှတဲ့ မီးအိမ်ဆိုင်ကို သူကရော ဘယ်လိုရောက်လာတာလဲ...။ Along with the Gods, Kingdom စတဲ့ နာမည်ကြီး fantasy ကားတွေအပါအဝင် ယခုထွက်ရှိနေတဲ့ အချစ်ဟာသကားလေး Love Your Enemy မှာ ပါဝင်ထားတဲ့ မင်းသားကြီး ဂျူဂျီဟွန်းနဲ့ Strong Woman Do Bong Soon, Oh My Ghost စတဲ့ သဘာဝလွန် ဇာတ်လမ်းတွေရဲ့ ချစ်စရာမင်းသမီး ဘတ်ဘိုယောင်းတို ခေါင်းဆောင်ပါဝင်ထားတဲ့အပြင် Moving ရုပ်ရှင် ဖန်တီးသူများရဲ့ လက်ရာသစ်ဖြစ်တာမို ဒီဇာတ်လမ်းဟာ ပြောစရာမလိုလောက်အောင် မိမိုက်နေမယ်ဆိုတာ အာမခံပါတယ်။