-
Movie Name
-
The Sweetest Taboo (ချိုမြိန်သောအချစ်ရဲ့ကန့်သတ်ချက်)(2024)
-
Year
-
2024
-
Generes
-
Drama
-
Code
-
ST1033
-
Type
-
Series
-
Size
-
6.57 GB
-
Country
-
Thai
-
Description
-
1-20 complete
"လင်" ဟာ အသက် ၃၅ နှစ်အရွယ် အောင်မြင်နေတဲ့ အွန်လိုင်းဈေးသည်ဖြစ်ပါတယ်။အချစ်ရေးနဲ့ အိမ်ထောင်ရေးကို အယုံအကြည်မရှိပေမဲ့ "ဆတ်" ဆိုတဲ့ အိမ်ထောင်ရှိအမျိုးသားတစ်ဦးနဲ့ တိတ်တိတ်ပုန်းဇာတ်လမ်းရှိနေပါတယ်။
အေပလာဇာပိုင်ရှင် CEO လည်းဖြစ်
“ ဆန် ” ရဲ့ ဇနီးလည်းဖြစ်တဲ့ "မဒမ်ခေ" ဟာ "လင်" ရဲ့နာမည်ကြီးနေမှုကိုသိလိုက်ရတဲ့အခါမှာ လက်တွဲပြီးအလုပ်လုပ်ဖို စီစဉ်လာပါတယ်။တစ်နေ့ "မဒမ်ခေ" ရဲ့ဖိတ်ကြားမှုနဲ့ "လင်" ဟာ အိမ်ကိုထမင်းစားလာရမှ "မဒမ်ခေ" ဟာ ခင်ပွန်းဖြစ်သူ "ဆန် ”ကို မယားငယ်ထားခွင့်မပြုကြောင်း သိလိုက်ရပါတယ်။
"လင်" တစ်ယောက် အဖြစ်အမှန်တွေသိပြီးနောက်မှာ " ဆန် "နဲ့ဇာတ်လမ်းဖြတ်ဖိုကြိုးစားခဲ့ပေမဲ့ "မဒမ်ခေ" ရိပ်မိသွားပြီး ဒေါသတကြီးတုန့်ပြန်မှုတွေကြောင့် "လင်" ဟာ "မဒမ်ခေ" ကိုရင်ဆိုင်ဖို ဆုံးဖြတ်လိုက်ပါတယ်။
"ခထာ" ဟာ "ဆန်" နဲ့ "မဒမ်ခေ" တိုရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး လူငယ်လုပ်ငန်းရှင်အဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်။"ခထာ" ဟာ "လင်" နဲ့ပူးပေါင်းပြီး လုပ်ငန်းလုပ်ကိုင်ဖိုစီစဉ်ဖြစ်ခဲ့ရာမှစလို "လင်" ကို စိတ်ဝင်စားသွားပြီး သဘောကျခဲ့ပါတယ်။
"ခထာ" အကြောင်းသိသွားတဲ့ "လင်" ဟာ "မဒမ်ခေ" ကို ရင်ဆိုင်ဖိုအတွက် "ခထာ" ကို အသုံးချရင်ရည်ရွယ်ခဲ့ပေမဲ့ "ခထာ" အပေါ်ဖြစ်လာတဲ့ သူမရဲ့ခံစားချက်တွေကို တားဆီးဖိုမဖြစ်နိုင်တဲ့အခါမှာတော့ "လင်" တစ်ယောက် ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။