Movie Name
Love Game In Eastern Fantasy (ပါးမိုလေးထက်က အကြင်နာချစ်ပန်းလွှာ) (2024)
Year
2024
Generes
Drama, Historical, Romance
Code
SC0918
Type
Movie
Size
9.48 GB
Country
China
Description
1-32 Completed CM ရဲ့ တရုတ်ကားချစ်ပရိတ်သတ်တို့ရေ… ဒီနေ့ညမှာတော့ Moonlight (2021) မှာ chemistry မိမိနဲ့ လိုက်ဖက်ခဲ့တဲ့ ချူးလီနဲ့ ကျိုးချွမ်ဆရာရယ် ကျန်းယွီချန်တို့ကို အခု Love Game in Eastern Fantasy မှာပြန်တွေ့ရပြီနော်… ဒီဇာတ်လမ်းလေးက ပိုင်ယွီကျိုင်းသျောက်ကုန်းရဲ့ ကြာပန်းနက်လေးကို ဖမ်းဆီးရန်လမ်းညွှန်ဆိုတဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ကားလေးပါ… ဒီဝတ္ထုလေးကို မန်းဟွာ အဖြစ် သရုပ်ဖော်ခဲ့ပြီး ဒီတစ်ခေါက် live action အဖြစ် ပုံဖော်ခဲ့တာပဲဖြစ်ပါတယ်… တက်ကြွတဲ့ ယနေ့ခေတ်ကနေ ဝတ္ထုထဲ ခရီးသွားသူ လင်မြောင်မြောင်နေရာမှာ “wow” တစ်ခွန်းနဲ့ ပြောစမှတ်တွင်ခဲ့တဲ့ Esther Yu က ပါဝင်သရုပ်ဆောင်ထားပြီး…. The Romance of Tiger and Rose (2020) မှာ ပျိုပျိုတို့နှလုံးသားကို ခိုးသွားတဲ့ ဟန်ရှိုု (Ding Yu Xi) ကို မှတ်မိကြမှာပါ… သူက ဒီထဲမှာတော့ သွေးအေးတဲ့ ရေခဲတုံးကြီးကနေ တမြောင်မြောင် ဖြစ်သွားတဲ့ မုရှန်းအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်… Fateful Love (2024) မှာ ခဏခဏ သေဘေးကြုံခဲ့တဲ့ ဟန်ဇီချင် (Zhu Xu Dan) အခုတစ်ခါမှာတော့ မုရှန်းအရမ်းချစ်ရတဲ့ အစ်မ မုယောင်အဖြစ် ဒီကားမှာတွေ့ရမှာပါ… လျိုဖုရီ အဖြစ်သရုပ်ဆောင်ထားတဲ့သူကလည်း Esther Yu ရယ် Ding Yu Xi တို့နဲ့အတူ Moonlight (2021) မှာ သုံးပွင့်ဆိုင် ကျန်းယွီချန်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Yang Shi Ze ပါ… Fangs of Fortune(2024) ထဲက ဝမ်ရှောင်းလူကြီးမင်းလေးက ဒီကားထဲမှာ ကြေးမုံမိစ္ဆာအဖြစ် တစ်ခန်းတစ်ကဏ္ဏပါဝင်ခဲ့သေး… ဒါ့အပြင် တခြား ဇာတ်ပို့အများကြီးလည်း ပါဝင်ထားသေးတာမို့ ရူပါဒါနပြည့်ဝမှာ သေချာပါကြောင်း ဇာတ်လမ်းလေးကို အကျဉ်းမိတ်ဆက်ပေးရမယ်ဆို… ယနေ့ခေတ် အလုပ်ပုံတွေကြားက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ လင်မြောင်မြောင်တစ်ယောက် သူဖတ်နေတဲ့ ဝတ္ထုထဲကို ရောက်သွားခဲ့တယ်… ဒါပေမယ့်လည်း ဇာတ်ပို့တဲ့ ဇာတ်ပို့တောင်မှ အတော်ကို စိတ်ပုတ်ပြီး ဇာတ်လိုက်မင်းသမီးကို အကောက်ကြံတဲ့ တတိယမင်းသမီး လင်ယွီတဲ့… သူပြန်ရဖို့အတွက် ချဉ်းကပ်ရမယ့်သူက ဇာတ်လိုက်မင်းသားမဟုတ်ဘဲ… ဇာတ်လိုက်မင်းသမီးအတွက် အသက်တောင်ပေးနိုင်တယ်ဆိုတဲ့ မုရှန်းဆိုတဲ့ ဇာတ်လိုက်မင်းသမီးရဲ့ မောင်လေးပါ… မုရှန်းဆိုတာ ဒီဝတ္ထုထဲက အကြီးမားဆုံးတော့ နှလုံးသားမဲ့ သွေးအေးတဲ့ သူ့အစ်မကလွဲပြီး ဘာမှမမြင်တဲ့အရူးကြီး… တစ်နည်းအားဖြင့်ပြောရင် မူရင်းဝတ္ထုအရ လင်မြောင်မြောင်က သူ့ဓားထက်မှာသေရမှာပါ… ဘာလို့လဲဆိုတော့ မုယောင်နဲ့ လျိုဖုရီက အပြန်အလှန် စိတ်ဝင်စားနေတာကို မနာလိုမရှုစိတ်ကြောင့် မုယောင်ကို လုပ်ကြံခဲ့တာ လင်ယွီဖြစ်နေလို့ပါ… ဆိုတော့ လင်မြောင်မြောင်တစ်ယောက် သူ့မူလဘဝကို ပြန်သွားရဖို့အတွက်ကို မုရှန်းဆီ ချဉ်းကပ်ရမှာအသေအချာပဲ… ဒီလို ချဉ်းကပ်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေကြုံမှာလဲ… သူဒီဝတ္ထုထဲရောက်လာတဲ့အတွက် ဝတ္ထုထဲ ဘာပြောင်းလဲမှုဖြစ်သွားမှာလဲ… လင်မြောင်မြောင်တစ်ယောက်ရော မူလဘဝကို ပြန်ရောက်သွားနိုင်မှာလဲ… ဒါမှမဟုတ် မူရင်းဝတ္ထုထဲက လင်ယွီလိုမျိုး လျိုဖုရီကို ချစ်မိသွားမှာလား… မုရှန်းကို ချစ်မိပြီး ဝတ္ထုထဲမှာပဲ စုံတွဲ ၂ တွဲ လူ ၄ ယောက် ပျော်ပျော်ကြီးနေသွားကြမှာလား… သိုင်းကားလည်းကြည့်ချင်တယ်…ဒါပေမယ့် ရိုးရှင်းတဲ့ ဇာတ်လမ်းမကြည့်ချင်ဘူး… System တို့ အချိန်ခရီးသွားတို့မျိုးလည်း ကြည့်ချင်တယ်ဆိုတဲ့ သူတွေအတွက် လုံးဝ လုံးဝ လုံးဝကို လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးမို့ CM Team နဲ့အတူတူ စောင့်ကြည့်လိုက်ရအောင်နော်