-
Movie Name
-
Kumari (2022)
-
Year
-
2022
-
Generes
-
Horror, Thriller
-
Code
-
IND1571
-
Type
-
Movie
-
Size
-
1 GB
-
Country
-
Bollywood
-
Description
-
Kumari 2022 (ကူမာရီ)
IMDb – 6.4/10
ယခုတစ်ခါမှာတော့ အမုန်းတွေ အာဃာတတွေနဲ့
မျိုးဆက်တစ်ခုလုံးအပေါ်မှာ အငြိုးထားပြီး
ကျိန်စာတွေတိုက်ခဲ့တဲ့ မလေယာလမ်
ဟော်ရာဇာတ်ကားကောင်းလေးတစ်ကားကို
တင်ဆက်ပေးလိုက်ရပါတယ်။
ဟိုးအရင်တစ်ချိန်တုန်းက ကာဟီရန်ဂတ်မိသားစုဆိုတာရှိပါတယ်။
ဒီမိသားစုကိုတော့ သူတို့နယ်မြေမှာ ဂုဏ်သိက္ခာရှိရှိနဲ့ ရွာသားအားလုံးကို
ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ သခင်ကြီးသူပန်က အုပ်ချုပ်နေပါတယ်။
သူတို့ရွာရဲ့ ဘေးနားမှာ အီလီမာလာတောဆိုတာလည်းရှိနေပါတယ်။
ဒီတောကိုတော့ အီလီမာလာချာသန်ဆိုတဲ့
နတ်ဘုရားတစ်ပိုင်းက အုပ်ချုပ်နေတာပေါ့။
အီလီမာလာချာသန်မှာ သူသဘောကျရတဲ့ လူသားကလေးလေး
ချိုကန်ဆိုတဲ့ မိဘမဲ့လေးတစ်ယောက်ရှိပါတယ်။
ချိုကန်ကတော့ တောထဲမှာပဲ တစ်ကိုယ်တည်းနေထိုင်ပြီး
ရွာက ခိုင်းတာလေးတွေ လိုက်လုပ်ပြီး အသက်ဆက်နေရသူပေါ့။
ချိုကန့်ကို သခင်ကြီးသူပန်ရဲ့ ဇနီးဖြစ်သူက သဘောကျတဲ့အတွက်
အစားအသောက်များခေါ်ခေါ်ကျွေးမွေးလေ့လည်းရှိပါတယ်။
ဒီလိုနဲ့တစ်နေ့မှာတော့ သခင်ကြီးတို့ပိုင်တဲ့ ရေကန်မှာ ရေချိုးတယ်ဆိုပြီး
ချိုကန့်ကို သခင်ကြီးသူပန်က သတ်လိုက်ပါတော့တယ်။
ဒီအချိန်မှာပဲ ချိုကန့်ကိုချစ်မြတ်နိုးတဲ့ ချာပန်က ကာဟီရန်ဂတ်မိသားစုကို
ကျိန်စာတိုက်ပြီး ဘေးဥပဒ်ဖြစ်အောင်ပြုလုပ်လိုက်ပါတော့တယ်။
ဒီနောက်ပိုင်းမှာတော့ ကာဟီရန်ဂတ်မိသားစုဟာ နတ်ဘုရားတွေကို
ပြန်လည်ပူဇော်ပသရင်းနဲ့ ဒီကျိန်စာကနေ လွတ်မြောက်ဖို့ ကြိုးစားလာခဲ့ကြတာပေါ့။
ဒီလိုနဲ့ မျိုးဆက် ၁၂ဆက်မြောက်ကျော်လွန်လာတဲ့အခါမှာတော့
အဲဒီမိသားစုမှာတော့ သားအကြီး အချူသန်နဲ့ သားအငယ်
ဒူရူဗန်ဆိုပြီးတော့ ရှိပါတယ်။ သားအငယ်ကိုတော့ လူတွေက ရူးနေတာဆိုပြီး ပြောကြပါတယ်။
ဒီလိုနဲ့ သားအငယ် ဒူရူဗန်ကို ကူမာရီဆိုတဲ့ ကောင်မလေးနဲ့ အိမ်ထောင်ချပေးလိုက်ပြီး
ကူမာရီ သူတို့မိသားစုကို ရောက်လာတဲ့အချိန်ကနေ စတင်ကာ
တစ်ချိန်က ကျိန်စာဇာတ်လမ်းက ပြန်လည်ပြီး အသက်ဝင်လာပါတော့တယ်။
ကူမာရီ ဒီအိမ်ကိုရောက်လာမှ အရင်က ဇာတ်လမ်းတွေ ဘယ်လို ပြန်လည်စတင်မလဲ ……..
နှစ်ပေါင်းများစွာ တည်ရှိနေတဲ့ ကျိန်စာဇာတ်လမ်းကရော ပြီးဆုံးသွားနိုင်မှာလား …
ဆိုတာတွေကိုကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။