Movie Name
Maria (2024)
Year
2024
Generes
Biography, Drama
Code
EN4459
Type
Movie
Size
1.10 GB
Country
Hollywood
Description
Maria (2024) IMDb Rating (6.5) / Rotten Tomatoes (75 %) Venice Film Festival မှာ premiere လုပ်ခဲ့ပြီး မင်းသမီးကြီး အန်ဂျလီနာဂျိုလီ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Musical Drama တစ်ပုဒ်ဖြစ်ပါတယ်။ တစ်ချိန်က ကမ္ဘာကျော်ခဲ့ဖူးတဲ့ အော်ပရာအဆိုရှင် မာရီယာကာလက်စ်ရဲ့ နောက်ဆုံးနေ့ရက်တွေကို အသားပေး ရိုက်ကူးထားပါတယ်။ အသက် ၅၀ ကျော်နေပြီဖြစ်တဲ့ မာရီယာဟာ တစ်ချိန်က သူဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တဲ့ အော်ပရာလောကကို ပြန်ဝင်ရောက်ဖို့ ကြိုးစားပေမဲ့ ကျန်းမာရေးအခြေအနေကြောင့် စိတ်တွေ ဂယောင်ခြောက်ခြားဖြစ်ပြီး တကယ်ဖြစ်နေတာတွေနဲ့ သူ့စိတ်ထဲက ထင်ယောင်မှားတွေကို ခွဲခြားမသိနိုင်တဲ့ အခြေအနေကို ရောက်ရှိလို့နေပါတယ်။ ဒါပေမဲ့လည်း သိပ်ကို ခေါင်းမာတဲ့ မာရီယာအတွက်တော့ အော်ပရာဟာ ဘဝတစ်ခု ဖြစ်နေခဲ့ပါတယ်။ သူဖြစ်ချင်တာတွေကို သူ့စိတ်ထဲမှာ စီကာစဉ်ကာနဲ့ အကောင်ထည်ဖော်နေတယ်။ မာရီယာဟာ သူဖန်တီးထားတဲ့ သူ့ရဲ့ စိတ်ကူးယဉ်လူသားတွေနဲ့ စကားတွေပြောတယ်။ ဒီလို အခြေ‌အနေတွေဖြစ်နေပေမဲ့ မာရီယာဟာ ဆရာဝန်ပြဖို့ကိုလည်း ခါးခါးသီးသီးငြင်းတယ်။ သူ့ရဲ့ စိတ်နဲ့ ဒေါသကို သည်းခံနိုင်သူက သူ့ရဲ့ အိမ်စေနဲ့ ဘဏ္ဍာစိုးပဲ ရှိတော့တဲ့အခြေအနေဖြစ်လာတယ်။ သူ့အမြင်သူ့အတွေးမှာတော့ သူက အော်ပရာအဆိုရှင်ကောင်းတစ်ယောက်ဆိုပေမဲ့ လူ့ပတ်ဝန်းကျင်အမြင်မှာကျ ကျန်းမာရေးချို့တဲ့နေပြီဖြစ်တဲ့ မိန်းမကြီးတစ်ယောက်သာသာ ဖြစ်လာတယ်။ ဒီအဖြစ်အပျက်တွေကို ပစ္စုပ္ပန်တစ်လှည့် အတိတ်တစ်လှည့်နဲ့ ရိုက်ကူးပြပြီး သနားစရာကောင်းတဲ့ မာရိယာရဲ့ ဘဝကို စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ်။