Movie Name
The Gardener (2025)
Year
2025
Generes
Action, Comedy
Code
EN4468
Type
Movie
Size
859 MB
Country
Hollywood
Description
ငယ်ငယ်တုန်းက အသည်းစွဲ‌ အက်ရှင်မင်းသားကြီးဖြစ်ခဲ့တဲ့ ဗန်ဒိမ်းရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ The Gardener (2025) Le jardinier ဆိုတဲ့ ပြစ်သစ်ဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အာနိုးတို့ စတားလုံးတို့နဲ့ခေတ်ပြိုင်ဆိုတဲ့အတိုင်း အခုအချိန်မှာ အသက်ကြီး နေပြီဖြစ်ပေမဲ့ မပျက်စီးသေးဘဲ ခန္ဓာကိုယ်အချိုးအစား ကလည်း လူငယ်တွေထက်တောင်ပိုလန်းပြီး အက်ရှင်တွေကိုလည်း ချပြနိုင်တုန်းပါပဲ။ဒီကားလေးကတော့ အက်ရှင်သီးသန့်ချည်းမဟုတ်ဘဲ ဟာသဒရာမာပါပေါင်းထားတဲ့အတွက် မိသားစုနဲ့အတူတူ ပေါ့ပေါ့ပါးပါး ကြည့်ချင်သူတွေအတွက်လည်းအဆင်ပြေပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++ ဇာတ်လမ်းရဲ့အစမှာတော့ အထူးတပ်ဖွဲ့တစ်ဖွဲ့က လူတစ်ယောက်ကို ဝိုင်းအမဲလိုက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။သူတို့ရဲ့တာဝန်ကအဲ့ဒီလူကို ရှင်းပစ်ဖို့ဖြစ်ပြီး ဘာလို့အဲ့လိုလိုက်လုပ်နေရတယ်ဆိုတာကိုသိချင်ရင်တော့ အချိန်နောက်နည်းနည်းပြန်ဆုတ်ရပါလိမ့်မယ်။အဲ့ဒီအထူးတပ်ဖွဲ့ကို ဝန်ကြီးချုပ်က ခိုင်းထားတာဖြစ်ပြီး ဝန်ကြီးချုပ်နဲ့ဇယားရှိတဲ့လူဆိုရင် တစ်နှစ်တစ်ခါရှင်းပစ်ဖို့သူတို့ကိုနာမည်စာရင်းတွေပေးနေကျဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဆာ့ဂျ်ဆိုတဲ့နိုင်ငံရေးအသိုင်းအဝိုင်းထဲက လူတစ်ယောက်လည်း ပါဝင်နေပြီး သူကစာရင်းထဲမှာနောက်ဆုံးပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူ့ကိုဦးစားပေးရှင်းပစ်ဖို့ဖြစ်လာပါတော့တယ်။ သူကတော့အဲ့ဒါတွေကိုမသိဘဲ ကျေးလက်ကအိမ်လေးမှာ မိသားစုနဲ့ အတူတူအားလပ်ရက်အပန်းဖြေနေပါတော့တယ်။ ဒီလိုနဲ့အဲ့ဒီလူတွေရောက်ချလာပြီး သူ့ကိုရှင်းဖို့လုပ်တဲ့အခါမှာတော့ မိသားစုတစ်ဖက်နဲ့ဘာလုပ်လို့လုပ်ရမယ်မှန်းမသိဖြစ်နေတဲ့ ဆာ့ဂျ်ကို လျှို့ဝှက်ဆန်းကြယ်မှုတွေအများကြီးနဲ့ သူ့ဥယျာဉ်မှူးကဘယ်လိုတွေ ကူညီပေးသွားမလဲဆိုတာကို စိတ်ဝင်စားစရာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရှုစားရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။