Movie Name
Herb (2007)
Year
2007
Generes
Comedy, Drama, Romance
Code
KR0639
Type
Movie
Size
954 MB
Country
Korea
Description
Herb (2007) ************* 2007 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီကားလေးကတော့ Chunsa Film Art Awards အပါအဝင် Best New Actor Award ,Excellent Actor Award ဆုတွေပါ ရရှိထားပြီး Cast တွေအနေနဲ့ကလည်း မင်းသမီးကြီး Bae Jong-Ok , ချစ်စရာမင်းသမီးလေး Kang Hye -Jung နဲ့ မင်းသားချော Jung Kyung -Ho တို့မှ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ~ ချာဆန်းအွန်းဆိုတဲ့ အသက်၂၀ အရွယ်ကောင်မလေးဟာ ရုပ်လေးလည်း လှသလို စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့အပြင် စက္ကူရုပ်မျိုးစုံကိုလည်း ခေါက်တတ်တဲ့ ပါရမီပါသူလေးပါ။ ဒီလို ပြီးပြည့်စုံပေမဲ့လည်း သူမဟာ ဉာဏ်ရည်နှောင့်နှေးတဲ့ရောဂါကို ခံစားနေရတာကြောင့် အသက် ၇နှစ်အရွယ် ဉာဏ်ရည်ကိုသာ ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ် ။ ဒီလိုမျိုး လူ့လောကအကြောင်းကို အပြည့်အဝနိုင်လည်နိုင်စွမ်းမရှိဘဲ ပုံပြင်ထဲက မင်းသားလေးကိုပဲ စောင့်မျှော်နေပြီး ကလေးတစ်ယောက်လို ဖြူစင်လှတဲ့ ဆန်းအွန်းလေးကိုယ်တိုင် အရာရာကို ကိုယ့်အားကိုယ်ကိုးပြီး လုပ်နိုင်ဖို့ အတွက် သူမ အရမ်းချစ်ရတဲ့အမေက အမြဲတမ်း သင်ကြားပေးနေတတ်ပါတယ် ။ တစ်နေ့မှာတော့ တွေ့သမျှ မိန်းကလေးချောချောလှလှလေးတွေကို လိုက်ကြောင်တတ်တဲ့ ဂျုံဘမ်းဆိုသူ လူရှုပ်လေးက ဆန်းအွန်းကို ရှေ့နေလို့အထင်မှားသွားပြီး ပညာအရည်အချင်းရှိတဲ့ မိန်းမလှလေးဆိုပြီး လိုက်ကြောင်ရာကနေ ဆန်းအွန်းရဲ့ ရောဂါအကြောင်းကို သိသွားပြီးနောက်မှာတော့ ထွက်ပြေးသွားခဲ့ပါတယ် ။ ဒီလိုနဲ့ပဲ ဂျုံဘမ်းကို သူစောင့်မျှော်နေခဲ့ရတဲ့ မင်းသားလေးလို့ထင်ပြီး သဘောကျမိသွားတဲ့ ဆန်းအွန်းလေးဟာ ချစ်ရသူကြောင့် စိတ်ထိခိုက်သွားရတဲ့အပြင် သူမအမေရဲ့ သတင်းဆိုးကိုပါ သိသွားပြီးနောက်မှာတော့ …. ဂျုံဘမ်းက ဆန်းအွန်းဆီ ပြန်လာပါ့မလား…. အမေဖြစ်သူရဲ့သတင်းဆိုးကနေတစ်ဆင့် ဆန်းအွန်းလေးမှာ ဘာတွေပြောင်းလဲလာမလဲ .. ၁၅၀၀ မေတ္တာအပြင် ၅၂၈ မေတ္တာကိုပါ ရယ်ရင်းငိုရင်း အပြည့်အဝကြည့်ရှုခံစားရမဲ့ ကားကောင်းလေးဖြစ်တာကြောင့် CM ကနေ ကွာလတီကောင်းကောင်းနဲ့ တင်ဆက်ပေးလိုက်ရပါတယ်…..