Movie Name
Rogue Warrior Robot Fighter (2017)
Year
2017
Generes
Action, Adventure, Fantasy, Sci-Fi
Code
00892
Type
Movie
Size
707 MB
Country
Hollywood
Description
ဒီကားကို Sony Distribution က ဂျွန်လ ၂ ရက်နေ့မှာ Limited နဲ့ ပြသခဲ့တာ ဖြစ်တဲ့အတွက် ရုပ်ရှင်ရုံတွေမှာ ပြသခြင်း မရှိပါဘူး။ ဒါပေမယ့် သိပ္ပံအက်ရှင်ကားတွေ ကြိုက်တဲ့ GC ပရိသတ်တွေအတွက် တကူးတက ရှာဖွေတင်ဆက်လိုက်ပါတယ်နော်။ Rogue Warrior : Robot Fighter (2017) ကို ဒါရိုက်တာ နေးလ် ဂျွန်ဆင်က Star Wars နဲ့ Mad Max ကို ပေါင်းရိုက်ထားသတဲ့။ ဇာတ်လိုက်ကတော့ ဆီရန်နာဆိုတဲ့ အမျိုးသမီး စစ်သားတစ်ယောက်ပါ။ တီထွင်ထားတဲ့ စက်ရုပ်တွေက ပြန်လည် တိုက်ခိုက်ခဲ့အတွက် အနာဂတ်ကမ္ဘာကြီးဟာ ပျက်စီးလုနီးပါး ဖြစ်နေခဲ့ပါတယ်။ ဆီရန်နာဟာ ဒီ A.I စက်ရုပ်တွေကို ပြန်တိုက်ခိုက်ဖို့ သူတို့ထက်သာတဲ့ လက်နက်ဆန်းတစ်မျိုးကို ရှာဖွေရမှာ ဖြစ်ပါတယ်။ ဒီအတွက် စကြာဝဠာထဲမှာပါ ခရီးဆန့်ရမှာပါတဲ့။ သူမရဲ့ ခရီးစဉ်သာ အောင်မြင်ခဲ့ရင်တော့ ကမ္ဘာကြီးကို ရန်ပြုနေတဲ့ စက်ရုပ်တွေရဲ့ ရန်ကို နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ဘယ်သူတွေက သူမရဲ့ ခရီးစဉ်ကို နှောင့်ယှက်ဖျက်ဆီးကြမလဲ။ သူမ အောင်မြင်စွာရော ရှာဖွေနိုင်ပါ့မလားဆိုတာ ဖန်သားပြင်မှာ ကြည့်ကြပါစို့လား အမျိုးတို့ရေ။