Movie Name
S.W.A.T. Under Siege (2017)
Year
2017
Generes
Action, Thriller
Code
00893
Type
Movie
Size
637 MB
Country
Hollywood
Description
SWAT ဆိုတဲ့အမေရိကန်နိုင်ငံရဲ့ အထူးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး လိုအပ်တဲ့အရေးပေါ်စစ်ဆင်ရေးတွေ ကယ်ဆယ်ရေးတွေကို လုပ်ကိုင်ပေးနေရတဲ့ အထူးတပ်ဖွဲ့ပါ။ အမေရိကန်ရဲ့ လွတ်လပ်ရေးနေ့ အားလပ်ရက်ခံစားနေတုန်း တပ်ဖွဲ့ဝင်တွေကို ပြန်လာဖို့လှမ်းခေါ်ခံရပါတယ်။ သူတို့လုပ်ရမယ့် စစ်ဆင်ရေးကတော့ DEA မူးယစ်နှိပ်နှင်းရေးအဖွဲ့က ကုန်တင်ကုန်ချ ဆိပ်ကမ်းဆိပ်အဟောင်းတစ်ခုမှာ မူးယစ်ဆေးဝါးတွေအများဆုံးပါတဲ့ ကွန်တင်နာတစ်ခုရောက်လာတယ်လို့ သံသယဖြစ်လို့ သွားစစ်ဆေးမယ့်နေရာကို လုံခြုံရေးလိုက်ပါထိန်းသိမ်းပေးရင်း ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အများစုက သာမန်စစ်ဆင်ရေး ပေါ့ပေါ့ပါးပါးပြီးသွားမယ်ထင်ခဲ့ပေမယ့် တကယ်တမ်း တိုက်ပွဲကပြင်းထန်ခဲ့တယ်။ သူတို့ မူးယစ်ဆေးလို့ ထင်ခဲ့တဲ့ကွန်တင်နာထဲမှာ ပါလာတာကတော့ ကင်းမြီးကောက်ပုံတက်တူးကြီးနဲ့ ဗလတောင့်တောင့် လူမဲတစ်ဦးပဲ ပါလာပါတယ်။ သူတို့နဲ့ ပူးပေါင်းစစ်ဆင်ရေးလုပ်ခဲ့တဲ့ DEA ကလူတွေလည်း တိုက်ပွဲကျသွားလို့ သူတို့ပဲ ဒီမဟေဠိဆန်တဲ့လူကို ခေတ္တထိန်းသိမ်းထားရဖို့ ဖြစ်လာပါတယ်။ ဒီလူကို စစ်မေးရင်းနဲ့သူ့ခေါင်းထဲမှာ ကမ္ဘာကိုမီးဟုန်းဟုန်းတောက်အောင်လုပ်နိုင်တယ်လို့ သိလာရပြီး သူ့ကိုလိုချင်နေတဲ့လူတွေကလည်း များလှပါတယ်။ သူတို့ တပ်ဖွဲ့ထဲမှာလည်း အပြင်ကို သတင်းပေးတဲ့သစ္စာဖောက်တစ်ယောက်လည်း ရှိနေတယ်လို့ သိလိုက်ရတယ်။-ဒီလူ့ဆီမှာပါတဲ့ ကမ္ဘာကိုမီးဟုန်းဟုန်းတောက်အောင်လုပ်နိုင်မယ့်အချက်ဆိုတာ ဘာများလဲ– သူ့ကို SWAT တပ်ဖွဲ့ဝင်တွေ ဘယ်လိုကာကွယ်စောင့်ရှောက်မလဲ-ဒီလူကို လိုချင်နေတဲ့သူတွေကရော ဘယ်လိုလုပ်ရှားကြမှာလဲ-SWAT ထဲက သစ္စာဖောက်ကရော ဘယ်သူများလဲဆိုတာကို ACTION အကြမ်းအရမ်း အပစ်အခတ်တွေကြည့်ရင်း ရှုစားလိုက်ရအောင်……