Movie Name
Barroz Aka Barroz Guardian Of Treasures ( (2024)
Year
2024
Generes
Action, Adventure, Fantasy
Code
IND1587
Type
Movie
Size
2.24 GB
Country
Bollywood
Description
Barroz (2024) “ရတနာသိုက်စောင့် သရဲကြီး ဘာရိုဇ်” ပုံပြင်ဆန်ဆန်နဲ့ စိတ်၀င်စားစရာကြည့်ရမဲ့ မလေယာလမ်စကားပြော အိန္ဒိယရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ငယ်ဘ၀က က‌လေးဘ၀ပုံပြင်တွေထဲမှာ ဘာရိုဇ်ဆိုတဲ့ ရတနာသိုက်စောင့်သရဲကြီးအကြောင်း တချို့လည်း ကြားဖူးကြမယ်ထင်ပါတယ်။ သူဟာ အရှင်ဒဂါးမားရဲ့ ရတနာသိုက်ကို စောင့်ပေးနေရတဲ့ အိန္ဒိယရောက် သစ္စာရှိ ပေါ်တူဂီသရဲကြီးပါ။ ဘာရိုဇ်ဟာ ကျမ်းဂန်အလိုအတိုင်း ရတနာသိုက်ကိုစောင့်ရှောက်ရင်း အမွေဆက်ခံမဲ့သူကို စောင့်နေခဲ့တာပါ။ လက်ရှိ ဒီဘက်ခေတ်မှာတော့ အိန္ဒိယနိုင်ငံ ဂိုအာမှာ လေလံပွဲကြီးတစ်ခု ကျင်းပနေပါတယ်။ ဂိုအာမှာလည်း ကာစီနိုမဖွင့်ရေးအတွက် ဆန္ဒပြနေသူတွေကတစ်မျိုး၊ လေလံပွဲအတွက် နိုင်ငံတကာကရောက်နေတဲ့ လုပ်ငန်းရှင်တွေကတစ်ဖုံနဲ့ စည်ကားလို့နေပါတယ်။ အဲဒီလေလံပွဲကို လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ရွန်နဲ့ သူ့ရဲ့မိတဆိုးသမီးလေးအီဆာတို့လည်း ရောက်ရှိလာပါတယ်။ အီဆာဟာ ပြောမရဆိုမရ ဂျစ်တိုက်တတ်တဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ပါ။ အဲဒီကို အီဆာရောက်လာတာနဲ့အတူ ရတနာသိုက်မှာလည်း ထူးခြားမှုတွေဖြစ်ပေါ်လာပါတော့တယ်။ ဒီလိုနဲ့ ဂျစ်တူးမလေးအီဆာတစ်ယောက် ရောက်ရာနေရာမှာ ဘယ်လိုတွေမွှေဦးမလဲ၊ ရတနာသိုက်နဲ့အီဆာတို့ ဘယ်လိုပတ်သက်နေမလဲ၊ အီဆာနဲ့ ဘာရိုဇ်တွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး…။