-
Movie Name
-
Condor Heroes (2025)
-
Year
-
2025
-
Generes
-
Action, Fantasy, Historical
-
Code
-
CN1039
-
Type
-
Movie
-
Size
-
1.29 GB
-
Country
-
China
-
Description
-
ဆရာကြီးကျင်းရုံရဲ့ condor hero trilogy ထဲက နာမည်ကြီးဝတ္တုတပုဒ်ဖြစ်တဲ့
The Return Of Condor Heroes ကို 2025 မှာ Movie Version အဖြစ်
ပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် ရန်ကော်အဖြစ်
Zhao Huawei ၊ ရှောင်လုံနွီ (ဂူးဂူး) အဖြစ်နဲ့ Wang Zijun တို့က
အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် သိုင်းဇာတ်လမ်းစစ်စစ် တွေရှားပါးနေတဲ့ခေတ်မှာ
အခုလို နာမည်ကြီး Novel တစ်ပုဒ် ကို Movie Version
အဖြစ် ပြန်လည်တင်ဆက်လာတဲ့ ဒီဇာတ်လမ်းလေးအပေါ်မှာ
သိုင်းချစ်သူတို့ သဘောကျမကျ ကတော့ ကိုယ်တိုင်သာ
ဇာတ်လမ်းလေးကိုကြည့်ပြီး ဆုံးဖြတ်ကြရမှာပဲဖြစ်ပါတယ်
ဇာတ်လမ်းကတော့ ကျိုးရင်းမရဏသိုင်းကိုပြောင်းပြန်ကျင့်ခဲ့လို့ရူးသွပ်သွားတဲ့
အနောက်ပိုင်းအဆိပ်ဘုရင်အိုးရန်ဖုန်းက ရန်ကော့ကို
မွေးစားပြီးပျိုးထောင်ပေးခဲ့တဲ့နေရာကစပါတယ်။
အိုးရန်ဖုန်းမွေးစားထားတဲ့ရန်ကော့ကို ကောကျင့်တို့ရှာတွေ့သွားပြီးတော့
ချွမ်ကျန်းဂိုဏ်းမှာသိုင်းပညာသင်ဖို့အပ်ခဲ့တယ်။ ရန်ကော့ရဲ့အဖေရန်ခန်းရဲ့လုပ်ရပ်တွေကြောင့်
ရန်ကော့ကိုမုန်းနေကြတဲ့ချွမ်ကျန်းဂိုဏ်းသားတွေကြောင့်
ရန်ကော့ကလူသတ်မှုနဲ့အပြစ်တင်စွပ်စွဲခံရပြီး ပြေးလွှားရင်းနဲ့
တားမြစ်နယ်မြေမှာရှိတဲ့ ရှောင်လုံနွီဆီရောက်သွားခဲ့ပါတယ်။
ဒီလိုနဲ့ရန်ကော့ရဲ့ဘဝခရီးကိုစတင်ပါတော့တယ်
ရုပ်ရှင်ဗားရှင်းမှာ ဘယ်လိုကွဲပြားတဲ့တင်ဆက်ပုံတွေနဲ့
တင်ဆက်မလဲ…ဒီထဲမှာရော 2025 ရသေ့က မျက်စိစည်းသွားဦးမလားဆိုတာ……။