-
Movie Name
-
Survive (2024)
-
Year
-
2024
-
Generes
-
Adventure, Sci-Fi
-
Code
-
EN4473
-
Type
-
Movie
-
Size
-
1.03 GB
-
Country
-
Hollywood
-
Description
-
သူများအတွက် အသစ်ထွက်ရှိထားတဲ့ Survive ဆိုတဲ့
ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။
ဒါမျိုးကားတွေမတွေ့ရတာကြာပြီဖြစ်တဲ့အတွက် စောင့်မျှော်
နေသူတွေအတွက်လည်း အကြိုက်တွေ့စေမဲ့ဇာတ်ကားပဲ
ဖြစ်ပါတယ်။ဘက်ဂျက်ကြီးကြီးမားမားနဲ့ အကြမ်းစားကြီး
ရိုက်ကူးထားတာမျိုးမဟုတ်ပေမဲ့ သူ့အနေအထားနဲ့သူတော့
အဆင်ပြေပြီး အရင်ဇာတ်ကားတွေနဲ့မတူတဲ့ ကမ္ဘာ့ကပ်ဘေးကို
ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
*************
ဂျူလီယာနဲ့တွမ်တို့က သားသမီးတွေဖြစ်တဲ့ ကက်စီနဲ့
ဘန်တို့နဲ့အတူတူ အပျော်စီးရွက်လှေတစ်စီးနဲ့ခရီးထွက်လာခဲ့
ကြပါတယ်။အစပိုင်းမှာထူးဆန်းတဲ့အရာတစ်ခုကြောင့် အမေဖြစ်သူ
ရေနစ်တော့မလိုဖြစ်ခဲ့ပေမဲ့ ဘန့်မွေးနေ့တွေဘာတွေလုပ်ပေးပြီး
ပျော်ပျော်ရွှင်ရွှင်နေဖြစ်ခဲ့ကြပါသေးတယ်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကောင်းကင်မှာထူးဆန်းတဲ့
တိမ်တိုက်ကြီးတွေပေါ်ထွက်လာပြီး ရေပြင်ကလည်း၀ုန်းဒိုင်းကြဲ
လာပါတော့တယ်။ဒီလိုနဲ့ ပင်လယ်ထဲမှာလှိုင်းလူးပြီး ခက်ခဲတဲ့ည
တစ်ညကိုရင်ဆိုင်ခဲ့ရပြီး မနက်ရောက်တဲ့အခါမှာတော့ သူတို့လှေက
သဲကန္တာရလိုခြောက်ကပ်နေတဲ့ မြေပြင်ပေါ်ကိုရောက်နေမှန်း
တွေ့လိုက်ရပါတော့တယ်။နောက်မှရေဒီယိုက ရေငုပ်သမား
တစ်ယောက်နဲ့အဆက်အသွယ်ရပြီး ပင်လယ်က ကုန်းပေါ်ကို
ရောက်သွားပြီး ပင်လယ်ထဲမှာဘာရေမှမရှိတော့တာဖြစ်ကြောင်းကို
သိလိုက်ရပါတော့တယ်။
ဒီလိုဖြစ်နေတဲ့အချိန်မှာလှေနဲ့ ခရီးထွက်နေတဲ့သူတို့မိသားစုအတွက်
ကံကောင်းသွားတယ်ဆိုပေမဲ့ ပျောက်သွားတဲ့ပင်လယ်ရေတွေက
တစ်ပတ်အတွင်း၀ုန်းဒိုင်းကြဲပြီးပြန်ရောက်လာမှာဖြစ်တဲ့အတွက်
ရေငုပ်သမားရှိတဲ့ ရေငုပ်သင်္ဘောဆီကို မိသားစုခရီးနှင်ကြရင်း
ဘယ်လိုအခက်အခဲတွေရင်ဆိုင်သွားရဦးမလဲဆိုတာကို ရှုစားရမဲ့
ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။