Movie Name
Snowman(2024)
Year
2024
Generes
Action, Drama
Code
EN4476
Type
Movie
Size
804 MB
Country
Hollywood
Description
မိမိတို့ငယ်ဘ၀မှာကြုံတွေ့ခဲ့ရတဲ့အရာတွေဟာ လူသားတစ်ယောက်ဘယ်လိုရှင်သန်ရပ်တည်မလဲဆိုတာကို ပုံသွင်းပေးနိုင်တယ်ဆိုတာကို ယုံပါသလား။ ငယ်စဉ်ကတည်းက ကိုယ့်ရှေ့မှာတင် အမေဖြစ်သူကိုရက်ရက်စက်စက်ရိုက်နှက် ၊ ကိုယ့်ကိုလည်း နေ့စဉ်နေ့တိုင်းအပြစ်လွတ်တယ်မရှိအောင် ဆူပူကျိန်းမောင်းတတ်တဲ့ဖခင်ဆိုးကိုရထားတဲ့ကလေးတစ်ယောက်ဆိုရင်ရော ပုံမှန်လူတစ်ယောက်လိုကြီးပြင်းလာနိုင်ပါမလား။ နှင်းတောကြီးထဲမှာ လူတွေတစ်‌ယောက်ပြီးတစ်ယောက်လိုက်သတ်နေတဲ့နှင်းလူသားလို့ခေါ်ကြတဲ့စိတ္တဇလူသတ်သမားတစ်ယောက်ရှိတယ်။ သူ့ကိုတစ်နေ့ကျ ကနေဒါရဲတွေကဖမ်းမိလိုက်တယ်။ ဒါပေမယ့် ထိုသူကရောနှင်းလူသားအစစ်ဟုတ်ပါရဲ့လား။ နှင်းလူသားဆီမှာအသတ်ခံလိုက်ရသူတစ်ယောက်ရဲ့ဇနီးဖြစ်သူကရော ပြစ်ဒဏ်ချမှတ်ချက်ကိုပေါ့လျော့ပေးတတ်တဲ့ကနေဒါနိုင်ငံဥပဒေကိုမမျှော်ကိုးတော့ပဲ ခင်ပွန်းဖြစ်သူအတွက်ဘယ်လိုလက်စားချေသွားမလဲ ဒါတွေကိုစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ အချိန်ပေးရတန်တဲ့ကားတစ်ကားဟုတ်သလားဆိုတာ‌တော့ ပရိသတ်ကြီးကိုယ်တိုင်သာစောင့်ကြည့်လိုက်ပါ။