Movie Name
Tony Takitani (2004)
Year
2004
Generes
Drama
Code
JP0258
Type
Movie
Size
619 MB
Country
Japan
Description
IMDb – 7.2/10, RT – 88%, Meta – 80% ~ မူရာကာမိရဲ့ ဝတ္တုတွေကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်တွေသိပ်အများကြီးမရှိသလို အခုထိအနေနဲ့လည်း နည်းပါးတုန်းလို့ပြောရပါမယ်။ ပြန်ရိုက်လိုက်ရင်လည်း အောင်မြင်ကြတာတော့ များပါတယ်။ Drive My Car, Burning, Norwegian Wood နဲ့ Tony Takitani တို့ကတော့ အောင်မြင်မှုကြီးတယ်ပြောရမယ်။ Tony Takitani ကိုတော့ Blind Willow, Sleeping Woman စာအုပ်ထဲက နာမည်တူဝတ္တုတိုကိုပဲ ပြန်ရိုက်ထားတယ်။ Blind Willow, Sleeping Woman ဝတ္တုတိုကိုတော့ မနှစ်ကတင် အန်နီမေးရှင်းအဖြစ်ရိုက်ခဲ့ပါသေးတယ်။ Tony Takitani ထဲတော့ မူရာကာမိဝတ္တုတွေထဲက တွေ့ရများတတ်တဲ့ Element ဖြစ်တဲ့ သူ့စာရေးဆရာဘဝမစခင် မကင်းခဲ့တဲ့ ဂျတ်ဇ်ဂီတတို့ ဘာတို့ပါတယ်။ ဒီရုပ်ရှင်က တခြား မူရာကာမိဝတ္တုကို ရိုက်ထားတဲ့ကားတွေထက် ဝတ္တုကို အားပြုမှုတော်တော်ကြီးတယ်လို့ပြောလို့ရတယ်။ Narrative တွေလှိုင်လှိုင်သုံးပြီး ရုပ်ရှင်တစ်ကားကြည့်ရတဲ့ဖီလင်ထက် မူရာကာမိဝတ္တုတိုတစ်ပုဒ်ဖတ်နေရတဲ့ဖီလင်တော့ရတယ်။ ဇာတ်ကတော့ တိုနီတာခိတနိလို့ခေါ်တဲ့ လူတစ်ယောက်နဲ့ သူ့ခံစားချက်တွေအကြောင်းပါပဲ။ဇာတ်လမ်းအကြောင်းတော့ ဘာမှများများစားစား ပြောစရာမရှိပါဘူး။ မူရာကာမိဝတ္တုတိုတွေကို ကြိုက်တဲ့သူတွေကြိုက်ကြမယ့်၊ မူရာကာမိဝတ္တုတိုအရသာ အပြည့်အဝရတဲ့၊ သူ့ဝတ္တုတိုကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။