-
Movie Name
-
Bilik Tepi (2023)
-
Year
-
2023
-
Generes
-
Horror
-
Code
-
OT0216
-
Type
-
Movie
-
Size
-
464 MB
-
Country
-
Others
-
Description
-
IMDb Rating (6.3)
ဘရန်ဒန်၊ မာလာသီနဲ့ဟာနာတို့ဟာ သူငယ်ချင်းသုံးယောက်ဖြစ်ပြီး အပန်းဖြေခရီးတစ်ခုထွက်လာကြတာပါ။
တစ်လမ်းလုံး ချောချောမွေ့မွေ့နဲ့ ဘာပြဿနာမှမရှိခဲ့ပေမယ့် သူတို့တည်းခိုရမယ့်နေရာမှာ ဇာတ်လမ်းစပါတယ်။
အဲ့ဒီနေရာဟာ တစ်ခြားတည်းခိုသူမရှိသလို စကားမပြောတတ်တဲ့ အစောင့်ဖြစ်သူနဲ့ အဖော်အမျိုးသမီးဆီကလည်း ဘာအကူအညီမှမရပါဘူး။
ဖုန်းလိုင်းလည်းမမိ၊တစ်ချို့ မီးတွေကလည်းမလာသလို အလုပ်သမားနှစ်ယောက်ကလည်း သူတို့ကိုစကားမပြောချင်သလိုရှောင်ဖယ်ဖယ်အနေအထားမှာဖြစ်တဲ့အတွက် ထပ်ပြီး အကူအညီမတောင်းပဲ နေလိုက်ကြပါတယ်။
ဒါပေမယ့် ဟာနာ မျက်လုံးထဲမှာ မျက်မမြင်ကလေးမလေးပုံရိပ်တစ်ခုကို အကြိမ်ကြိမ်မြင်နေရပြီး တစ်ကြိမ်မှာတော့ အဲ့ဒီကလေးမလေးကသူ့နားကပ်ပြီး ‘ပြေး’ လို့တစ်လုံးပြောပြီး ပျောက်ကွယ်သွားပါတော့တယ်။
အဲ့ဒီအချိန်ကျမှ ဒီကိုရောက်ကတည်းက သူတို့ကြုံနေရတဲ့ဖြစ်ရပ်တွေကိုပြန်စဉ်းစားမိရင်း ထူးခြားမှုတွေကိုသတိထားမိလာရင်း ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားကြရတော့မှာဖြစ်ပါတယ်။
ပဟေဠိဆန်တဲ့ ဒီနေရာနဲ့ထူးခြားတဲ့ ဝန်ထမ်းနှစ်ယောက်က ဘယ်သူတွေလဲ?
ဟန်နာအာရုံထဲက မျက်မမြင်ကလေးမလေးကဘယ်သူလဲ?
သူတို့အတွက် အချိန်မှီလွတ်မြောက်နိုင်ဖို့အခွင့်အရေးရော ရှိပါဦးမလား? ဆက်လက်ရှုစားကြပါ။