-
Movie Name
-
Innalekal Thalirkkumbol (2024)
-
Year
-
2024
-
Generes
-
Family
-
Code
-
IND1596
-
Type
-
Movie
-
Size
-
734 MB
-
Country
-
Bollywood
-
Description
-
တမူထူးခြားတဲ့ တင်ဆက်ပုံမျိုးနဲ့ ကဗျာဆန်ဆန်ရိုက်ကူးပုံဖော်ထားတဲ့
မာလျာလမ် အင်ဒီးရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။
442
နယ်မြို့လေးတစ်မြို့က ရုံးတစ်ရုံးမှာ တစ်သက်လုံး အတွင်းရေးမှူးအဖြစ်
တာဝန်ကျေခဲ့တဲ့ ဆရီကာလာ။ ဆရီကာလာဟာ စာရေးရတာ ဝါသနာပါတယ်။
ကလေးဘဝကတည်းက စာသိပ်ဖတ်တယ်။ ၃၂ နှစ်လုံး စံပြဝန်ထမ်း၊ စံပြဇနီး၊
စံပြမိခင်အဖြစ်နေလာခဲ့ပြီးတဲ့နောက်မှာ ဆရီကာလာ ပင်စင်ယူတယ်။
သူ့ပတ်ဝန်းကျင်ကလူတွေကို သူ့ပစ္စည်းတွေပေးတယ်။
ပြီးတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆီကို
သူရေးထားတဲ့စာအုပ်တစ်အုပ် ပို့ပေးပြီး တစ်နေရာကိုထွက်သွားတယ်။
ဘယ်သူ့ကိုမှ အဆက်အသွယ်မလုပ်တော့ဘူး။ ဒီရုပ်ရှင်ဟာဆိုရင်
ဆရီကာလာချန်ခဲ့တဲ့ စာအုပ်ထဲမှာရေးထားတဲ့ သူ့ရဲ့ဇာတ်ကြောင်းကို
ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီရုပ်ရှင်ထဲမှာ သူများစိတ်ကြိုက်ရှင်သန်ခဲ့ရတဲ့ ဆရီကာလာနဲ့
ကိုယ့်စိတ်ကြိုက်ရှင်သန်သွားတဲ့ ဆရီကာလာဆိုပြီး ပုံံနှစ်ခုကိုမြင်ကြရမှာပါ။
သာမန်ရုံးဝန်ထမ်းတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းဆိုတာထက်
လူသားဆန်တဲ့လူသားတစ်ယောက်အကြောင်း
ပုံဖော်ရိုက်ကူးထားတဲ့ရုပ်ရှင်လေးဖြစ်လို့တင်ဆက်ပေးလိုက်ပါတယ်