Movie Name
Better Man (2024)
Year
2024
Generes
Biography, Drama, Fantasy
Code
EN4507
Type
Movie
Size
1.38 GB
Country
Hollywood
Description
IMDb Rating (7.7) / Rotten Tomatoes (88%) ဒီရုပ်ရှင်ကတော့ ဗြိတိန်ရဲ့ အအောင်မြင်ဆုံးအဆိုတော်တွေထဲကတစ်ယောက်ဖြစ်တဲ့ ရော်ဘီဝီလီယံရဲ့ ဇာတ်ကြောင်းပါပဲ။ သူရခဲ့တဲ့ ဗြိတိန်ဂီတဆုတွေကို မီတဲ့သူ မရှိပါဘူး။ဒီရုပ်ရှင်တစ်ခုလုံးမှာ ရော်ဘီကို မျောက်တစ်ကောင်အဖြစ်ပုံဖော်သွားပါတယ်။ ဒါကတော့ သူ့ရဲ့ ဂီတလောကထဲက ခံစားချက်အတိုင်း ဆပ်ကပ်မှာ ဖျော်ဖြေနေရတဲ့ မျောက်တစ်ကောင်လိုဖြစ်နေတာရယ်၊ သူ့ကိုယ်သူ သိမ်ငယ်ခဲ့တဲ့အတိတ်တွေရယ်ကိုကိုယ်စားပြုထားတာပါ။ အင်တာဗြူးမှာတော့ ရော်ဘီက “ဒီရုပ်ရှင်မှာကျုပ်လိပ်ခေါင်းကလွဲပြီး ကျန်တာအကုန်ချပြထားတယ်” လို့ကိုပြောသွားတာပါ။ အနုပညာရှင်ပါရမီရှင်တစ်ယောက်ရဲ့ အတိတ်ကဒဏ်ရာတွေ၊ စိတ်ကျရောဂါတွေ၊ အရက်တွေ ဆေးတွေနဲ့ ရုန်းကန်နေရတာတွေကနေ ပြန်တည်ဆောက်ရတာတွေကို တွေ့ရမှာပါ။ အထူးပြုလုပ်ချက်နဲ့ အော်စကာ စကာတင်ထားတာမို့ ရိုက်ကွင်းနဲ့ဖန်တီးချက်တွေ ဘယ်လောက်တောင် ကောင်းလဲ တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ************ အဖေဖြစ်သူက အနုပညာအလုပ်တွေလုပ်ချင်လွန်းလို့ ပစ်သွားတဲ့ခံခဲ့ရတဲ့ကောင်လေးတစ်ယောက်။ အဖေဆီက ရတဲ့ အနုပညာပိုးကြောင့်ကြိုးစားရင်း ၁၅ နှစ်မှာတင် နာမည်ကြီး ယောကျာ်းလေးအဆိုအဖွဲ့မှာTake That မှာပါလာပြီး ကမ္ဘာကျော်ခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့ရဲ့ အရိပ်ကနေ ထွက်လာရပြီး တစ်ယောက်တည်းပြန်တည်ဆောက်ဖို့ ကြိုးစားရာမှာ အခက်အခဲမျိုးစုံ ကြုံခဲ့ပြီးမှနောက်ဆုံးမှာ ဗြိတိန်သမိုင်းရဲ့ အကောင်းဆုံး ပေါ့အဆိုတော်တွေထဲကတစ်ယောက်ဖြစ်လာပုံတွေကို တွေ့ရမှာပါ။ ရိုက်ချက်ကောင်းကောင်း သီချင်းကောင်းကောင်းတွေနဲ့ ဂီတဇာတ်လမ်းကောင်းကြိုက်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ