Movie Name
Who Is She (2024)
Year
2024
Generes
Comedy, Drama, Fantasy
Code
SKR1060
Type
Series
Size
4.62 GB
Country
Korea
Description
1-12 complete အဘွားနဲ့မြေးကို အဆိုတော်အဖြစ် အတူတူတွဲတွေ့ရမဲ့ idol dramaလေးတစ်ပုဒ်ကို ဒီတစ်ခါ BLSflixချန်နယ်ကနေပြီးတော့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Sweet Home က အသဲစွဲ ဒုတိယမင်းသားလေး Jinyoungက အဓိကမင်းသားအဖြစ် ပါ၀င်သရုပ်ဆောင်ထားပါတယ်။ O Mal Sunဟာ အသက်၇၀၀န်းကျင်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ကာ ငယ်စဉ်ကတည်းက ခင်ပွန်းဖြစ်သူကိုဆုံးရှုးလိုက်ရပြီး သူ့သားသမီးတွေကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့တဲ့သူပါ။ ဒါပေမဲ့ တစ်နေ့သူဟာ မှော်ဆန်စွာနဲ့ သူ့ရဲ့အသက်နှစ်ဆယ်ကျော်ကရုပ်ရည်သွင်ပြင်ကို ပြန်ရသွားပါတယ်။ ဒီလိုနဲ့ O Mal Sunဟာ ငယ်စဉ်က မပြည့်၀ခဲ့တဲ့ အဆိုတော်ဖြစ်ချင်တဲ့အိမ်မက်ကို ဖြည့်ဆည်းရင်း Daniel Han(JinYoung)က ဦးစီးတဲ့ Entertainment ကုမ္ပဏီကို၀င်ရောက်ရင်း လူအေးကြီးလိုနေတဲ့ Daniel Hanရဲ့ နှလုံးသားကို လှုပ်ရှားသက်၀င်အောင် လုပ်မိပါတော့တယ်။ ဒီကြားထဲ Mal Sunရဲ့ မြေးမဖြစ်တဲ့ Choi Ha Naကလည်း အဆိုတော်ဖြစ်ချင်လို အဘွားဖြစ်သူရှိတဲ့ Entertainmentကို၀င်ရောက်မိတဲ့အခါ အလွဲတွေ ချစ်ခြင်းတွေနဲ့ သူတိုအားလုံး ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို သိချင်ရင်တော့ BLSFlixချန်နယ်မှာ လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်။