Movie Name
Oru Kattil Oru Muri (2025)
Year
2025
Generes
Comedy, Drama, Romance
Code
IND1602
Type
Movie
Size
808 MB
Country
Bollywood
Description
Oru Kattil Oru Muri (2025) အခန်းလေးတစ်ခုက ခုတင်လေးရဲ့ ဒဏ္ဍာရီ “ပုန်းချင်တဲ့နေရာမှာသာပုန်း ငါတို့က မင်းကိုလိုက်ရှာပြီး အမှုန့်ကြိတ်မှာ” ရွတ်မန်ဂါဒန် ဆိုတဲ့ တက္ကစီဒရိုင်ဘာ‌လေးဟာ သူ့ကိုဒီလို အသေရရ အရှင်ရရ လိုက်ဖမ်းနေတဲ့ လူတစ်စုဆီက ထွက်ပြေးနေရပါတယ်။ 442 သူက သူတို့တစ်ဆယ့်တစ်‌ယောက်ရဲ့ပိုက်ဆံနဲ့ ကုမ္ပဏီထောင်ပြီး ထွက်ပြေးနေလို့ပါတဲ့။ တစ်နေ့ကျ သူလည်း ကြံရာမရတာနဲ့ ကားနဲ့တိုက်ပြီး ထွက်ပြေးလာခဲ့ပါတယ်။ တစ်ဖက်မှာတော့ တိုက်ခန်းပိုင်ရှင်အစ်မကြီးက သူ့ခုတင်လေးပျက်လို့ ပြင်ဆရာဆီသွားပြင်နေတာပါ။ သူ့ခုတင်ကို သူ့ကလေးလေးလို အထိမခံဖြစ်နေလို့ လက်သမားဆရာခမျာလည်း အကြံအိုက်နေရတဲ့အပြင် အိမ်ကိုပြန်သယ်လာတော့လည်း ပစ္စည်းသယ်ပေးရတဲ့သူတွေကို ဖြည်ဖြည်းသယ်ဖို့ပဲအော်နေလေရဲ့။ သူ့မှာ စကားပြောဖော်ဆိုလို့ သူ့တိုက်ခန်းတစ်ခန်းကိုငှားနေတဲ့ မတ်ဒူမီယာဆိုတဲ့ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် ကောင်မလေးပဲရှိတာပါ။ မတ်ဒူမီယာကလည်း နှစ်ဆယ်ကျော်အရွယ်လေးတွေရဲ့ ထုံးစံအတိုင်း မိဘနဲ့ဆက်ဆံရေးမပြေလည်လို့ ထွက်ပြေးလာပြီး ဆောက်လုပ်ရေးကုမ္ပဏီမှာ အလုပ်‌ရှာနေသူတစ်ဦးပါ။ ပိုင်ရှင်အစ်မကြီးက သူ့ခုတင်ကိုအထိမခံဖြစ်နေပေမဲ့ သူကိုယ်တိုင်ကျ မသုံးဘဲ သူ့ကိုပေးသုံးရတဲ့အကြောင်းရင်းကို မတ်ဒူမီယာကမေးတော့ အစ်မကြီးက သူ့ယောက်ျားနဲ့သူအတူသုံးခဲ့တဲ့ခုတင်လေးမို့ ကလေးလေးလို သူအရမ်းတန်ဖိုးထားရပေမဲ့ သူတစ်‌ယောက်တည်းတော့ ဒီခုတင်မှာ အိပ်မပျော်ပါဘူးတဲ့။ ဒီလိုနဲ့ အမျိုးသမီးနှစ်ယောက်ဟာ ကိုယ့်ဘဝဇာတ်ကြောင်းကိုယ် ရင်ဖွင့်ရင်း ခင်မင်ရင်းနှီးလာပါတော့တယ်။ အဲဒီအချိန်မှာ ရွတ်မန်ဂါဒန်က ပြေးရင်းလွှားရင်း သူတို့တိုက်ခန်းကို ရောက်ရှိလာပြီး ငှားရမ်းနေထိုင်‌ဖို့ဖြစ်လာပါတော့တယ်။ မနက်တစ်နေကုန်အလုပ်သွားပြီး ညမှတိုက်ခန်းပြန်လာတဲ့ မတ်ဒူမီယာ၊ တစ်ညလုံးအလုပ်လုပ်ရပြီး မနက်မှတိုက်ခန်းပြန်ရောက်တဲ့ ရွတ်မန်ဂါဒန်၊ တိုက်ခန်းပိုင်ရှင်အစ်မကြီး၊ သူတို့သုံးယောက် ဘယ်လိုဆက်စပ် သိကျွမ်းလာကြမလဲ၊ သူတို့ရဲ့ ထုတ်မပြောတဲ့ခံစားချက်တွေ၊ ဖုံးကွယ်ထားတဲ့အမှန်တရားတွေနဲ့ လက်ရှိအခြေအနေကိုဖြစ်လာစေတဲ့ သူတို့ရဲ့အတိတ်တွေကို သိရဖို့ရာ ရုပ်ရှင်မှာအဖြေထုတ်ရမှာမို့ ခံစားကြည့်ရှုကြရအောင်ပါ။