Movie Name
Sleepless Night (2017)
Year
2017
Generes
Action, Crime, Thriller
Code
00904
Type
Movie
Size
681 MB
Country
Hollywood
Description
ဒီနေ့မှာတော့ အက်ရှင်ဇာတ်ကားတွေ သဘော ကျတဲ့ ပရိသတ်တွေအတွက် အမေရိကန် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားသစ် အကြောင်း ဖော်ပြလိုက်ပါတယ်။ ပြင်သစ်ရုပ်ရှင်ကား Sleepless Night ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လာ့လ်ဗီးဂတ်စ် ရဲအရာရှိ ဗင်းဆင့်ဒေါင်းစ်ဟာ ရဲစုံထောက် တစ်ယောက်ဖြစ်ပေမယ့် လူဆိုး အဖွဲ့အစည်းတွေနဲ့ အဆက်အစပ်ရှိသူတစ်ယောက် ဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဆက်သားတစ် ယောက်ဆီကနေ ကိုကင်းထုပ် တွေကို ဗင်းဆင့် ယူထားခဲ့ပြီး အဲဒီ ပစ္စည်းတွေက လူဆိုးဂိုဏ်းတစ်ခုရဲ့ ပစ္စည်းတွေဖြစ်နေခဲ့ပါတယ်။ ဗင်းဆင့်ဟာ သူ့သားကို သွားကြိုလာတုန်း မီးပွိုင့်မှာ ကားရပ် ထားတဲ့အချိန်မှာ လူဆိုးတွေရုတ် တရက်ဆိုသလို ရောက်လာပြီး ဗင်းဆင့်ကို တိုက်ခိုက်ကာ သူ့သားကို ပြန်ပေးဆွဲခဲ့ပါတယ်။ မူးယစ်ဆေးကုန်သည် လူဆိုးခေါင်းဆောင်က ဗင်းဆင့် ယူသွားတဲ့ ပစ္စည်းတွေ ပြန်မပေးမချင်း သူ့သားကို တွေ့ရမှာမဟုတ်ဘူးလို့ ဖုန်းဆက်ခြိမ်းခြောက်ပါတော့တယ်။ သားပြန်ပေးဆွဲခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အိမ်က ဇနီးနဲ့ပါ ပြဿနာဖြစ်ပြီးနောက် သားကို လူဆိုးတွေလက်ထဲက ပြန်ကယ် နိုင်ဖို့ ဗင်းဆင့် တစ်ယောက် အ သည်းအသန် လုံးပန်းခဲ့ပါတယ်။ လူဆိုးဂိုဏ်းနဲ့ အသေအကျေ တိုက်ခိုက်ရတာမို့ အက်ရှင်ဇာတ်ကွက် အမိုက်စားတွေပါတဲ့ အတွက် ပရိသတ်တွေသဘောကျမယ်ထင်ပါတယ်။ ပြန်ပေးသမားတွေကို တရားဥပဒေနဲ့ အရေးယူနိုင်ဖို့နဲ့ သားဖြစ်သူကို အန္တရာယ်ကင်းကင်းကယ် ဆယ်နိုင်ဖို့ ဗင်းဆင့်တစ်ယောက် တစ်ညလုံးမအိပ်ဘဲ ဘယ်လိုကြိုးပမ်းခဲ့သလဲဆိုတာ ဆက်ကြည့်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားသူတွေက ဗင်းဆင့်ဒေါင်းစ်အဖြစ် ဂျေမီဖောက်စ်၊ ရှောင်ကက်စ်အဖြစ် တီအိုင်တို့ပဲ ဖြစ်ပါတယ်။