Movie Name
Melo Movie (2025)
Year
2025
Generes
Drama, Romance
Code
SKR1063
Type
Series
Size
3.51 GB
Country
Korea
Description
1-10 complete လက်ရှိမှာ လက်ထောက်ဒါရိုက်တာအဖြစ် အလုပ်လုပ်နေတဲ့ Kim Mu Bi (Park Bo-Young) ဟာ ရုပ်ရှင်တွေကို သမီးဖြစ်တဲ့သူထက် ပိုချစ်မြတ်နိုးတဲ့ အဖေ့ကိုမုန်းတီးစိတ်ကြောင့်ပဲ ရုပ်ရှင်ဆိုတဲ့အရာကို သိရဖို့အတွက် ရုပ်ရှင်ဒါရိုက်တာတစ်ယောက် ဖြစ်လာချင်သူပါ။ ဖျော်ဖြေရေးလောကထဲကို ဝင်လာပြီးနောက်ပိုင်းမှာတော့ သူ့အရည်အချင်းတွေကို ထုတ်မပြဘဲ အေးဆေးနေချင်တဲ့သူဖြစ်ပေမဲ့ သူမဘဝထဲကို Go Gyeom ဆိုသူ ဝင်ရောက်လာပြီးနောက် ပြောင်းလဲမှုတွေ စတင်လာပါတော့တယ်။ Go Gyeom (Choi Woo-Sik) ကတော့ ရုပ်ရှင်တွေထဲမှာ ဖြတ်လျှောက်အဖြစ် အလုပ်လုပ်ပြီးနောက် ရုပ်ရှင်ဝေဖန်ရေးသမား တစ်ယောက်ဖြစ်လာသူပါ။ ရုပ်ရှင်တွေကို သဘောကျလွန်းလှတဲ့ သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ရုပ်ရှင်မှန်သမျှကို ကြည့်ရဖို့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ရုပ်ရှင်ကိုချစ်မြတ်နိုးသူနဲ့ ရုပ်ရှင်ဆိုတဲ့အရာကို သိချင်နေတဲ့လူနှစ်ယောက် ဘယ်လိုတွေ့ဆုံကြမလဲ … တစ်ဖက်မှာတော့ Hong Shi-Joon (Lee Jun-Young) ဆိုသူဟာ နာမည်မရှိသေးတဲ့ တေးရေးဆရာတစ်ယောက် ဖြစ်ပေမဲ့ သူ့ကိုယ်သူလူတော်လို့သတ်မှတ်ထားသူဖြစ်ပြီး သူ့ရည်းစားဟောင်းဖြစ်တဲ့ Son Joo-A (Jeon So-Nee) ကတော့ ဇာတ်ညွှန်းစာရေးဆရာမ တစ်ယောက်ဖြစ်ပါတယ်။ သူတို့ကရော ဘယ်လိုတွေပြန်လည်တွေ့ဆုံကြမလဲ … ဒီလိုနဲ့ပဲ ချစ်လည်းချစ်ဖူးချင်ကြ အိပ်မက်တွေကိုလည်း အကောင်အထည်ဖော်ချင်ကြပေမဲ့ လမ်းပျောက်နေကြတဲ့ လူငယ်တွေ အချင်းချင်းတွေ့ဆုံပြီး စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားသွားကြမလဲ.. ဒဏ်ရာကိုယ်စီရှိကြတဲ့ လူငယ်တွေရဲ့ အိပ်မက်နဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်