-
Movie Name
-
Caged Again (မဟူရာဖန်ဆင်းတဲ့ အကြင်နာလှောင်အိမ်)(2024)
-
Year
-
2024
-
Generes
-
Comedy, Drama, Fantasy, Romance
-
Code
-
ST1041
-
Type
-
Series
-
Size
-
2.96 GB
-
Country
-
Thai
-
Description
-
1-10 Complete
မဟူရာဖန်ဆင်းတဲ့ အကြင်နာလှောင်အိမ်🐧 Juniorဆိုတဲ့ပင်ကွင်းလေးဟာ တိရစ္ဆာန်ဥယျာဉ်တစ်ခုထဲမှာနေထိုင်ပြီး သူ့ရဲ့အိပ်မက်ကတော့ တစ်နေ့မှာ ဒီဥယျာဉ်ကြီးထဲကထွက်ပြီး ပင်ကွင်းတွေရဲ့hometownလို့ဆိုရလောက်တဲ့ မြောက်ဝင်ရိုးစွန်းကိုသွားဖို့ပါပဲ။ သူဟာ တစ်ညမှာတော့ မမျှော်လင့်ဘဲ လူသားအဖြစ်ပြောင်းသွားခဲ့ပြီး အပြင်လောကထဲကိုရောက်ရှိလာရာက Sunဆိုတဲ့ လူသားအသွင်ဆောင် ကျားသစ်နက်လေးနဲ့တွေ့ခဲ့ပါတော့တယ်။ မြောက်ဝင်ရိုးစွန်းကိုရောက်အောင်သွားနိုင်ဖို့ နောက်တစ်ခါထပ်ပြီး ဖမ်းဆီးပိတ်လှောင်မခံရဖို့အတွက် Juniorဟာ Sunကိုအကူအညီတောင်းရပါတော့သတဲ့။ သို့ပေမဲ့ Sunရဲ့မူလအသွင်အပြင်ဖြစ်တဲ့ ကျားသစ်နက်ဟာ predatorဖြစ်နေတာကြောင့် Juniorလေးအနားကိုကပ်လာတိုင်းမှာ သူ့ရဲ့ဆာလောင်မှုဗီဇဟာ နိုးထလာနေတဲ့အခါ...။ ဒီပင်ကွင်းလေးကို မစားမိအောင်ထိန်းချုပ်ရင်း Sunတစ်ယောက် ဘယ်လိုလွတ်မြောက်အောင်ကူညီပေးသွားလေမလဲ...။ အဖမ်းမခံရရေးအတွက် ကျားသစ်နက်ကိုမှအကူအညီသွားတောင်းမိရှာတဲ့ ပင်ကွင်းလေးကရော မြောက်ဝင်ရိုးစွန်းကိုပဲရောက်သွားမလား အစားပဲခံလိုက်ရလေမလား...။ မြင်တွေ့နေကျဇာတ်လမ်းပုံစံမျိုးမဟုတ်ဘဲ ထူးထူးဆန်းဆန်းတင်ဆက်ထားတဲ့ penguinလေးနဲ့ black pantherတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို BLbySoulနဲ့အတူတူ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။