Movie Name
Big World (2024)
Year
2024
Generes
Drama, Family
Code
CN1048
Type
Movie
Size
944 MB
Country
China
Description
ဇာတ်ကြောင်းကတော့ လျှိုချွင်းဟယ်ဆိုတဲ့ အသက်နှစ်ဆယ်အရွယ်ကောင်လေးက ဦးနှောက်အကြောသေရောဂါခံစားနေရပါတယ်။ ဉာဏ်ကောင်းပေမယ့် အဲ့ဒီရောဂါကြောင့် ပုံမှန်ကလေးတွေလို လူ့အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ အလုပ်ရဖို့ ကျောင်းကောင်းကောင်းတက်နိုင်ဖို့ အဆင်မပြေခဲ့ပါဘူး။ အပြင်လူတွေထက်ပိုဆိုးတဲ့ဒဏ်ရာကတော့ မိသားစုအတွက်ကိုယ်က၀န်ထုပ်၀န်ပိုးကြီးဖြစ်နေတာပါ။ဒီလိုရောဂါမျိုးတွေက မိသားစုအတွက်ကော ခံရသူအတွက်ပါအရမ်းခက်ခဲပါတယ်။ မိဘကိုလည်းငါ့ကိုဘာလို့ဒီလိုဖြစ်အောင်မွေးပေးခဲ့တာလည်းဆိုပြီးလည်း အပြစ်တင်မိတယ်။ သူ့အဖွားရောက်လာပြီးတော့ အဖွားရဲ့သူငယ်ချင်း‌‌တွေနဲ့တီးဝိုင်းမှာပါရင်း ကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး သူအားတက်လာခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီကောင်မလေးက သူ့အမေလိုမျိုးပဲသူ့‌အပေါ်လုံးလုံးကြီးနားလည်ပေးနိုင်တဲ့သူမဟုတ်ခဲ့ဘူး။ ဒါပေမဲ့ လျှိုချွင်းဟယ်ပြောသလိုပါပဲ နေရောင်ခြည်မရောက်တဲ့အမှောင်မိုက်ဆုံးနေရာတွေမှာတောင် ရေညှိပင်လေးတွေက ပျိုနီပန်းလိုသိက္ခာရှိရှိပွင့်လန်းနိုင်အောင် သူ့အင်အားသူအသုံးချပြီး တိုက်ခိုက်နေကြတယ်တဲ့။ သူကိုယ်တိုင်ကလည်းအဲဒီလိုကြိုးစားရှင်သန်နေပေမယ့်လည်း အသက်နှစ်ဆယ်ကောင်လေးတစ်ယောက်အနေနဲ့ ဒီဒုက္ခတွေကိုဘယ်လောက်များဆက်ခံစားနိုင်မှာလဲ။ မသန်စွမ်းတစ်ယောက်ကို လူ့အဖွဲ့အစည်းရဲ့ဆက်ဆံပုံတွေကိုကွက်ကွက်ကွင်းကွင်း‌မြင်တွေ့နိုင်ပြီး မိသားစုတွင်းပြဿနာတွေကိုပါ သရုပ်ဆောင်ပိုင်ပိုင်နိုင်နိုင်နဲ့ချပြသွားတဲ့ကားပါ။ Cast တွေအနေနဲ့ကတော့ တော်တော်များများ Jackson Yee လို့သိကြမယ့် Chinese idol and actor ယိယန်ချန်းရှီပါ။ ချန်းရှီက သူ့ရဲ့ ML အနေနဲ့ပထမဆုံးကား Better days နဲ့တင် သရုပ်ဆောင်ပိုင်းမှာနေရာတစ်နေရာယူထားနိုင်ခဲ့ပြီး သူ့ထက်ဝါအများကြီးရင့်တဲ့မင်းသမီးကျိုးတုန်းယွီနဲ့တန်းတူသရုပ်ဆောင်စွမ်းရည်ကိုချပြနိုင်ခဲ့တဲ့သူမို့ ဒီကားမှာလည်းသရုပ်ဆောင်ကတော့ပြောစရာမလိုပါဘူ