-
Movie Name
-
The Seed Of The Sacred Fig (2024)
-
Year
-
2024
-
Generes
-
Crime, Drama, Thriller
-
Code
-
EN4514
-
Type
-
Movie
-
Size
-
726 MB
-
Country
-
Hollywood
-
Description
-
ဘာသာရေးကိုင်းရှိုင်းပြီးရိုးသားတဲ့ရှေ့နေတစ်ယောက်ဖြစ်တဲ့ အီမန်ဟာ ဇနီးဖြစ်သူ နက်ဂျ်မား၊ သမီးနှစ်ဦးတို့နဲ့အတူနေထိုင်ပါတယ်။
လတ်တလောမှာတော့ အီမန်ကို တီဟရန်ကအထူးတရားရုံးမှာ စုံစမ်းစစ်ဆေးရေးတရားသူကြီးအဖြစ်ရာထူးတိုးမြှင့်ခံထားရတဲ့အတွက်
လစာပိုကောင်းလာမှာဖြစ်သလို သူတို့မိသားစုအတွက် တိုက်ခန်းကျယ်တစ်ခုလည်းရမှာဖြစ်တဲ့အတွက် တစ်မိသားစုလုံးဝမ်းသာပျော်ရွှင်နေကြတဲ့အချိန်ပါ။
အဲ့ဒီအချိန်မှာပဲ မာဆာအာမီနီ ဆိုတဲ့ ၂၂ နှစ်အရွယ်အီရန် ကာ့ဒ်အနွယ်ဖွားမိန်းကလေးတစ်ယောက်ဟာ ဟီဂျပ်ဘ်ကောင်းကောင်းမခြုံလို့ဆိုတဲ့အမှုနဲ့
ဘာသာရေးရဲတွေက ဖမ်းဆီးစစ်ဆေးနေစဉ်မှာသေဆုံးသွားတဲ့ဖြစ်စဉ် ဖြစ်သွားခဲ့ပါတယ်။
အဲ့ဒီဖြစ်ရပ်ကတစ်ဆင့် နိုင်ငံအနှံ့ဆန္ဒပြပွဲတွေဖြစ်ပေါ်လာခဲ့ပြီး အီမန်ရဲ့သမီးကြီးဖြစ်သူ ရေ့ဇ်ဗန်းရဲ့ သူငယ်ချင်းတစ်ဦးလည်းဖမ်းဆီးခံလိုက်ရပါတယ်။
ဒီဖြစ်စဉ်တွေအပေါ် အီမန်နဲ့နက်ဂျ်မားကအုပ်ချုပ်သူတွေ၊ စည်းမျဉ်းစည်းကမ်းတွေကသာ အမှန်လို့ယူဆပြီး သမီးနှစ်ဦးကတော့ သူတို့နဲ့ဆန့်ကျင်ဘက်အမြင်ဖြစ်ပြီးသဘောထားကွဲလွဲခဲ့ကြပါတယ်။
ဒါတွေဟာ တည်ငြိမ်အေးချမ်းတဲ့ သူတို့မိသားစုအတွက် ရင်ဆိုင်ရမယ့် မုန်တိုင်းရဲ့အစပဲရှိပါသေးတယ်။
The Seed of the Sacred Fig ဟာ ရုပ်ရှင်ပွဲတော်တွေမှာအောင်ပွဲခံနေကျ အီရန်ကားတွေရဲ့ဖန်တီးရှင် Mohammad Rasoulof ရဲ့လက်ရာဖြစ်ပြီး
သူ့အတွက်နောက်ထပ်ဂန္ဓဝင်ကားကောင်းတစ်ခုဖြစ်လာမှာပါ။