-
Movie Name
-
The Blossoming Love (မက်မွန်ထောင်ချီ ဘဝသက်တည်)(2025)
-
Year
-
2025
-
Generes
-
Drama, Fantasy, Romance
-
Code
-
SC0928
-
Type
-
Series
-
Size
-
14.1 GB
-
Country
-
China
-
Description
-
1-40 Complete
ရှေးယခင်ခေတ်က ကျောင်းမင်လိုခေါ်တဲ့ လူသားမျိုးနွယ်ဧကရာဇ်မင်းဟာ ပြည်သူတွေကိုယ်စား အသနားခံပြီး နတ်ဘုံကို တွန်းလှန်ဖို မိမိကိုယ်ကိုစတေးခဲ့ပြီး
သူနတ်ရွာစံသွားတဲ့နောက်မှာ သူချစ်ရတဲ့ ဟွမ့်သွမ့်ပုလဲလေးက သူ့ရဲ့ဝိညာဉ်အမျှင်စုကို ကယ်တင်ဖို သူမရဲ့အသက်ကိုစွန့်စားပြီး သံသရာအတွက်လူဝင်စားခြင်းကိုဖန်တီးခဲ့လေရဲ့
ဒီလိုနဲ့ အချိန်ကာလတစ်ခုကြာပြီးတဲ့နောက ဟွမ့်သွမ့်ပုလဲလေးက အမှောင်နယ်ပယ်ရဲ့ မြင့်မြတ်သောအပျိုစင်မုရွှမ်လင်ဖြစ်လာတဲ့အခါမှာတော့ ကျောင်းမင်ဟာအမတမဟာမိတ်ရဲ့ ခေါင်းဆောင် ရှဲရွှယ်ချန်အနေနဲ့ ပြန်လည်မွေးဖွားလာခဲ့တယ် နောက်ဆုံးမှာသူတိုနှစ်ယောက်ဟာ လူ့ပြည်မှာပြည်လည်ဆုံဆည်းခဲ့ကြပေမဲ့ သူတိုအတိတ်တွေကို မေ့နေတဲ့အတွက်ကြောင့် တရားကျမှုရဲ့ဆန့်ကျင်ဘက်မကောင်းမှု ဆိုတဲ့ ယှဉ်ပြိုင်အားထုတ်မှုမှာ ရန်သူတွေဖြစ်လာခဲ့ကြတယ်
မုရွှမ်လင်ကအမှောင်နယ်ပယ်ထဲမှာပြင်းထန်စွာ ဒဏ်ရာရနေတဲ့ ရှဲရွှယ်ချန်ကိုကယ်တင်ခဲ့ပြီး သူ့အသက်ကို ကယ်တင်ပေးခဲ့ရတဲ့ကျေးဇူးနဲ့ ခရီးအတူသွားဖို အကျပ်ကိုင်ခဲ့တယ်
ဒီလိုနဲ့သူတိုဟာခရီးလမ်းတစ်လျှောက်မှာ အချင်းချင်းလှည့်ဖျားမှုတွေရှိရာက စတင်ခဲ့ကာ နောက်ပိုင်းမှာ အတူတူလက်တွဲတိုက်ပွဲဝင်ကြရင်းနဲ့ တဖြည်းဖြည်းနဲ့စောင့်ကြ့ည်မှုတွေကို လျှော့ချလာပြီး အချင်းချင်းခံစားချက်တွေ ပေါ်ပေါက်လာခဲ့တော့တယ်သိုပေမဲ့လည်း ရှေးနတ်ပစ္စည်း ဟွမ့်သွမ့်ပုလဲကို သိမ်းယူဖို ပူးပေါင်းကြံစည်မှုအလယ်မှာ သူတိုနှစ်ယောက်ဟာအသက်အန္တရာယ် စမ်းသပ်မှုကြီးတစ်ခုအတွင်းကို ကျရောက်ခဲ့ကြပြီး မုရွှမ်လင်က လောကကြီးကိုကယ်တင်ဖို သူ့ကိုယ်သူစတေးလိုက်ပြီး ရှဲရွှယ်ချန်ကတော့ အချိန်မှီပြန်သွားဖို ကံကြမ္ပာကိုစိန်ခေါ်ပြီး သူမကို ကယ်တင်ခဲ့တယ်
ဒီလိုသံသရာဘေးဒုက္ခ အဆုံးသတ်သွားချိန်မှာတော့ ရှဲရွှယ်ချန်ရဲ့ဝိညာဉ်က နောက်ဆုံးမှာ ကျောင်းမင်ဆီကိုပြန်ရောက်သွားပေမဲ့ ကျောင်းမင်ရဲ့မူလပုံစံဟာ နတ်ဆိုးသခင်ဖြစ်သွားခဲ့ပြီး
မုရွှမ်လင်ကတော့ နတ်ဆိုးသခင်ကိုနိုးထအောင်လုပ်ဖို ချစ်ခြင်းမေတ္တာကိုအသုံးချခဲ့ပြီး ကပ်ဘေးတွေကိုပပျောက်ကာ လောကကြီးကို ငြိမ်းချမ်းအောင် လုပ်ခဲ့တဲ့သူတိုနှစ်ယောက်ဟာ အဆုံးသတ်မှာရော အတူတူရှိနေကြအုံးမလားဆိုတာကိုတော့ CMမှာအတူတူစောင့်ကြည့်လိုက်ရအောင်ပါရှင့်