Movie Name
Dear My Secretary (ချစ်ရပါသော အတွင်းရေးမှူးလေး )(2025)
Year
2025
Generes
Comedy, Romance
Code
ST1044
Type
Series
Size
5.11 GB
Country
Thai
Description
1-16 Complete Dear My Secretary 2025 ၂၀၁၈တုန်းက " Park Seo Joon"oppaနဲ့ "Park Min Young"unnieတို့ရဲ့ နာမည်ကြီးဇာတ်လမ်းဖြစ်တဲ့ "What's Wrong with Secretary Kim"ဟာဆိုရင်ဖြင့် Filipino adaptation,Chinese adaptationနဲ့Thai adaptationဆိုပြီးပါ ရှိလာခဲ့ပါပြီ။ Thai adaptationမှာတော့ P'Jesနဲ့ P'Buaတို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဥ်း ~~~ Theer Cholathornကတော့ Theeranontလုပ်ငန်းစုရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး ချောမောခံ့ညားတဲ့ရုပ်ရည်၊ဂုဏ်ရှိတဲ့အသိုင်းအဝိုင်းကြောင့် ပျိုမေတွေကြားမှာ ရေပန်းစားနေသူတစ်ယောက်ပါ။ သူ့မှာ လှပပြီး အရည်အချင်းရှိတဲ့ "Preem Primala"ဆိုတဲ့ အတွင်းရေးမှူးမလေးတစ်ယောက်လည်း ရှိပါတယ်။ သူတို့နှစ်ယောက်အတူ လက်တွဲလုပ်ကိုင်လာခဲ့ကြတာ ၉နှစ်ရှိခဲ့ပါပြီ။ဒါပေမဲ့ တစ်နေ့မှာတော့ "Preem Primala"က သူမရဲ့ပုံစံအစစ်အမှန်ကို ရှာဖွေဖို့အတွက် လက်ရှိအလုပ်ကနေ ထွက်ခွင့်ပြုဖို့ တောင်းဆိုလာခဲ့ပါတယ်။ "Theer"က သူ့လိုပြီးပြည့်စုံတဲ့ သူဌေးဆီကနေ အလုပ်ထွက်ချင်တဲ့ "Preem"ကို နားမလည်အောင်ဖြစ်ခဲ့ရပြီး "Preem" အလုပ်မထွက်ဖို့အရေး နည်းလမ်းအမျိုးမျိုးကြိုးစားခဲ့ပါတယ်။ နောက်ဆုံး သူတို့နားလည်လိုက်ရတာကတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်နေခဲ့ကြတာ အချိန်အတော်ကြာခဲ့ပါပြီဆိုတာပါပဲ။ သူတို့ရဲ့အဆုံးသတ်ပုံပြင်လေးက ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးရှင်