Movie Name
The Best Thing (ကိုယ့်နှလုံးသားထဲက အလှဆုံးကမ္ဘာငယ်) (2025)
Year
2025
Generes
Drama, Romance
Code
SC0926
Type
Series
Size
15 GB
Country
China
Description
1-28 Complete 🌟Shen XiFan ငယ်ရွယ်တဲ့ ဟိုတယ်မန်နေဂျာလေးတစ်ယောက်ဆိုပေမဲ့ ပြင်းထန်တဲ့အလုပ်ရဲ့ဖိအားတွေကြောင့် အိပ်မပျော်နိုင်တဲ့ဝေဒနာကိုခံစားနေရပါတယ်... ဒါကြောင့် Shen XiFanဟာ တရုတ်တိုင်းရင်းဆေးဌာနကို သွားရင်းနဲ့  တရုတ်တိုင်းရင်းဆေး ဒေါက်တာလေး He Suye နဲ့ဆုံတွေ့ခဲ့ပါတယ်...။ သိုပေမဲ့ သူမရဲ့ရှုပ်ထွေးလွန်းလှတဲ့ အလုပ်အချိန်ဇယားကြောင့် ဒေါက်တာ He Suyeပေးထားတဲ့ ဆေးတွေကို အချိန်မှန်သောက်ဖိုပါ မေ့နေတဲ့အခါ ဒေါက်တာHe Suyeတစ်ယောက် အခက်တွေ့တော့တာပေါ့ သူတိုနှစ်ယောက်ကြားမှာရှိတဲ့ ဆက်ဆံရေးဟာ ဆရာဝန်နဲ့လူနာကြားမှာရှိတဲ့ဆက်ဆံရေးအပြင်မပိုလာနိုင်ဘူးလိုထင်ခဲ့ကြပေမဲ့ မထင်မှတ်စွာနဲ့ သူတိုနှစ်ယောက်ဟာ တူညီတဲ့ အသိုင်းအဝိုင်းတစ်ခုတည်းမှာပဲ တည်ရှိနေခဲ့ကြသူနှစ်ယောက်ဖြစ်နေခဲ့ပါတယ်...။ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်များစွာနဲ့အတူ သူတိုနှစ်ယောက်ကြားကို အချစ်ဆိုတဲ့အရာလေးက မသိမသာနဲ့တိုးတိုးတိတ်တိတ် ဝင်လာချိန်မှာတော့......ဒန် ဒန့် ဒန် .....။ ဒါနဲ့ ပထမဆုံးအချစ်ကို အချိန်အကြာကြီးဖမ်းဆုပ်ထားနိုင်ကြတဲ့လူတွေရှိကြလား....။ Shen Xifan ကတော့ ပထမဆုံးအချစ်ကို ဆုံးရှုးပြီးနာကျင်ခဲ့ရလို ချစ်ရမှာကိုအရမ်းကိုသတိထားတဲ့သူတစ်ယောက်ပါ။ ဒီလိုကောင်မလေးတစ်ယောက်ရဲ့နှလုံးသားတံခါးဟာ HeSuye ရဲ့ နူးညံ့ကြင်နာမှုတွေကြောင့် တဖြည်ဖြည်းနဲ့ ပြန်လည်ပွင့်ဟလာနိုင်မှာလား....။ တိုင်းရင်းဆေးဌာနရဲ့ ကိစ္စအဝဝအပေါ် He Suye ရဲ့ လုပ်ဆောင်ပေးမှုတွေ ဆုံးဖြတ်ပေးမှုတွေနဲ့ ကြိုးစားအားထုတ်ပေးမှုတွေဟာ Shen XiFan အတွက် နောက်ထပ်လက်တစ်စုံကို ရဲရဲကြီးဆုပ်ကိုင်ဖိုရာ လှုပ်ခတ်မှုလေးတွေဖြစ်လာနိုင်မလား......။ ဒီလိုနဲ့ လူနှစ်ယောက်ရဲ့ နှလုံးသားတွေဟာ ပေါင်းစည်းသွားနိုင်ပါ့မလား...... 🍎ဒီဇာတ်လမ်းလေးရဲ့ Cast တွေကတော့ နာမည်ကြီးတွေဖြစ်ကြတဲ့ Zhang Linghe နဲ့ Xu Ruohan ပဲ ဖြစ်ပါတယ်။ ကဲ....ဒီချိုချိုချဥ်ချဥ် အချစ်ဇာတ်လမ်းလေးကို SoulKingdom မှတစ်ဆင့် အတူတူစောင့်ကြည့်လိုက်ရအောင်နော်.....။