Movie Name
My Dearest Nemesis (2025)
Year
2025
Generes
Comedy, Romance
Code
SKR1076
Type
Series
Size
4.89 GB
Country
Korea
Description
1-12 Complete မောင်လေးရဲ့မမ ဖြစ်ချင်သူတွေနဲ့ မမရဲ့မောင်လေးမှ မမရဲ့မောင်လေးပဲ တစ်ပြားမှမလျှော့ဘူးဆိုတဲ့သူတွေ တန်းစီလိုရပါပြီ။ ဒီတစ်ခေါက်မှာတော့ Weak Hero Class နဲ့ နာမည်ကြီးခဲ့တဲ့ Choi Hyun Wook နဲ့ True Beauty ရဲ့ အလှလေး Mun Ka Young တိုရဲ့ comeback ဒရမ်မာလေးကို RMC ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။ Su Jeong က အွန်လိုင်းဂိမ်းကစားရတာကို ဝါသနာကြီးတဲ့ စီနီယာအထက်တန်းကျောင်းသူဖြစ်ပြီး "Strawberry" ဆိုတဲ့ ဂိမ်းထဲကနာမည်ကို အသုံးပြုသူပါ။ ဂိမ်းကစားရင်း ဂိမ်းထဲက ကစားဖော်ဖြစ်တဲ့ "Black Dragon" နဲ့ ရင်းနှီးသွားရာက အပြင်မှာတွေ့ဆုံခဲ့ပေမဲ့ တစ်ဖက်လူက သူ့ထက်အတော်ငယ်တဲ့ အလယ်တန်းကျောင်းသားလေး ဖြစ်နေခဲ့ပါတယ်။ စိတ်အပျက်ကြီးပျက်သွားတဲ့ Su Jeong က သူ့ကိုဖွင့်ပြောလာတဲ့ အလယ်တန်းကျောင်းသားလေးကို ပစ်ပစ်ခါခါ ငြင်းဆိုခဲ့ပြီး အဲဒီအတွေ့အကြုံက သူ့ဘဝရဲ့ အဆိုးဝါးဆုံး မှတ်ဉာဏ်အဖြစ် ကျန်ရစ်ခဲ့ပါတော့တယ်။ ၁၆ နှစ်ကြာပြီးချိန်မှာတော့ Su Jeong က Yongsung Dept Store က အစီအစဉ်ရေးဆွဲရေးဌာနမှူးဖြစ်လိုနေခဲ့ပါပြီ။ နယ်ပယ်ထဲက အကောင်းဆုံး Dept Store အဖြစ်သတ်မှတ်ခံရတဲ့နေရာမှာ Su Jeong က ထက်မြက်ပြီး အလုပ်ကြိုးစားသူအဖြစ် နာမည်ကြီးခဲ့ပါတယ်။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့သူဆိုရင် ဘယ်သူနဲ့မဆို ထိပ်တိုက်ရင်ဆိုင်ဖို ဝန်မလေးတဲ့ ဆတ်ဆတ်ကြဲလေးပေါ့။ တစ်နေ့မှာတော့ သူတိုရဲ့ အစီအစဉ်ရေးဆွဲရေးဌာနကို အထက်လူကြီးအသစ်တစ်ယောက် ရောက်ရှိလာခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ဆက်ခံသူတစ်ဖြစ်လဲ အထက်လူကြီးဖြစ်တဲ့ Ban Joo-Yeon က Su Jeong ငယ်ငယ်က မှတ်ဉာဏ်ဆိုးရဲ့ အဓိကဇာတ်ကောင် "Black Dragon" ဖြစ်နေတာကို သိလိုက်ရချိန်မှာတော့ အတိတ်ရဲ့အရိပ်ဆိုးက ပြန်ပြီးခြောက်လှန့်လာပါတော့တယ်။ Ban Joo-Yeon က "Strawberry" ဆိုတဲ့ သူ့အချစ်ဦးကိုဖွင့်ပြောစဉ်မှာပဲ အငြင်းခံလိုက်ရတာဖြစ်ပြီး "Strawberry" က သူ့ဌာနက Su Jeong ဖြစ်နေတာကို သိလိုက်ရချိန်မှာ သူတိုနှစ်ယောက်ကြားမှာ ဘယ်လိုတိုက်ပွဲတွေ ဖြစ်ပေါ်လာမလဲဆိုတာနဲ့ အထက်လူကြီးနဲ့ လက်အောက်ငယ်သားကြား ဘယ်လိုပညာသားပါပါ အပြန်အလှန် နှိပ်ကွက်ကြမလဲဆိုတာကို နာမည်ကြီး Webtoon ကိုပုံဖော်ထားတဲ့ ဒရမ်မာလေးထဲ အခွီတစ်လိုင်း၊ အရိုတစ်ဖုံ ရှုစားလိုက်ကြပါဦး။