-
Movie Name
-
Good Heavens! I’m A Goose Not A Swan (ရွှေငန်းမလေးရဲ့ဖူးစာရှင်) (2025)
-
Year
-
2025
-
Generes
-
Historical, Romance
-
Code
-
ST1049
-
Type
-
Series
-
Size
-
9.72 GB
-
Country
-
Thai
-
Description
-
1-23 Complete
ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်ရဲ့ ဇန်နဝါရီ ၂၂ ရက်နေ့မှာ ထွက်ရှိလာမယ့် ထိုင်းစီးရီးကောင်းလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ Nithra ဟာ အိမ်မက်ဆန်ဆန် မတော်တဆတစ်ခုကနေပြီးတော့ ဘုရင် Rama III အုပ်စိုးနေတဲ့ခေတ်ကာလ Mae Faeng ဆောင်ကြာမြိုင်ရဲ့ လူကုံထံ ပျော်တော်ဆက်မယ်တစ်ယောက်ဖြစ်တဲ့ Boonta ဆိုတဲ့ မိန်းကလေးရဲ့ ကိုယ်ထဲကို အချိန်ခရီးသွားပြီး ရောက်သွားပါတယ်။ ဒီလိုနဲ့ Nithra တစ်ယောက် သူမနဲ့ စိမ်းသက်နေတဲ့ ခေတ်ကာလကြီးထဲမှာ အသားကျအောင် ကြိုးစားနေထိုင်ရင်း ဆောင်ကြာမြိုင်မှာ ပျော်တော်ဆက်ဘဝကနေ လွတ်ဖိုအရေး ရုန်းကန်ရပါတော့တယ်။ တစ်ပြိုင်တည်းမှာပဲ လူသတ်မှုတစ်ခုနဲ့ မထင်မှတ်ဘဲ သွားပတ်သတ်မိတဲ့ အခါမှာတော့.....။
မတော်တဆ အချိန်ခရီးသွားမိပြီး ရှေးခေတ်ကို ပြန်ရောက်သွားတဲ့ Nithra တစ်ယောက် ဘယ်လိုအဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရဦးမလဲ ၊ အမှုအခင်း စုံစမ်းရေးဌာနက Chai နဲ့ရော ဘယ်လိုကနေ တွေ့ဖို အကြောင်းဖန်လာဦးမလဲဆိုတာကိုတော့ BLSFLIX က ဘာသာပြန်တင်ဆက်ပေးမယ့် ဒီဇာတ်ကားလေးထဲမှာ အပတ်စဥ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ရှင်။