Movie Name
The Potato Lab (2025)
Year
2025
Generes
Comedy, Romance
Code
SKR1078
Type
Series
Size
6.12 GB
Country
Korea
Description
1-12 Complete ဒီတစ်ခေါက်မှာတော့ မင်းသား Kang Tae-Oh စစ်မှုထမ်းပြီး  ပထမဆုံးရိုက်ကူးထားတဲ့comeback drama လေး ထွက်ရှိလိုလာပါပြီ။ အာလူးတွေကို သုတေသနလုပ်တဲ့အဖွဲမှာ အလုပ်လုပ်နေတဲ့ လုပ်သက် ၁၂ နှစ်ရှိပြီဖြစ်တဲ့ သုတေသနပညာရှင် Kim Mi Gyeong (Lee Sun-Bin) ဟာ ကြည့်လိုက်ရင်တော့ အလုပ်လက်မဲ့ တစ်ယောက်လို ဆိုပေမဲ့ ပါးစပ်ဟလိုက်တာနဲ့ ဇီဝဗေဒဆိုင်ရာ အသုံးအနှုန်းတွေ ထွက်လာတတ်သူပါ။ ဒီလို အလုပ်ရူးလေးဖြစ်ပြီး အေးချမ်းလှတဲ့ သူ့ရဲ့ဘဝလေးမှာတော့ အာလူးသုတေသနအဖွဲရဲ့ ဒါရိုက်တာအသစ်ဖြစ်တဲ့ So Baek-Ho ဆိုသူ ပေါ်ထွက်လာပြီးနောက် ပြောင်းလဲမှုတွေနဲ့ ကြုံလာရပါတော့တယ်။ အာလူးသုတေသနအဖွဲရဲ့ ဒါရိုက်တာအသစ်အဖြစ်ခန့်အပ်ခံထားရတဲ့ So Baek-Ho (Kang Tae-Oh) ကတော့ ရုပ်ရည်ချောမောပြီး ပြုံးပြုံးရွှင်ရွှင်နေတတ်ပေမဲ့ သွေးအေးတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အပေါင်းအသင်းမရှိသူပါ။ ဒီလိုမျိုး အလုပ်ရူးသုတေသနပညာရှင်နဲ့ ပေါင်းသင်းဆက်ဆံရေးညံ့တဲ့ဒါရိုက်တာတို နှစ်ယောက်ကြား ကတောက်ကဆတွေ ဖြစ်လာရာကနေ ဘယ်လို အချစ်ဇာတ်လမ်းလေးပေါက်ဖွားလာမလဲဆိုတာကိုတော့ ....