-
Movie Name
-
Hyper Knife (2025)
-
Year
-
2025
-
Generes
-
Crime, Drama, Thriller
-
Code
-
SKR1079
-
Type
-
Series
-
Size
-
2.97 GB
-
Country
-
Korea
-
Description
-
1-8 Complete
အော်တစ်ဇင် ရှေ့နေမလေး ဝူယောင်းဝူရဲ့ comeback drama လေးလာပါပြီ။ ဒီကားထဲမှာတော့ ဝူယောင်းဝူ (Park Eun-bin) က ဝါရင့်မင်းသားကြီး Sol Kyung Gu နဲ့အတူ ဆရာဝန်မလေးအဖြစ် သရုပ်ဆောင်ထားပြီး Thriller Medical drama ဖြစ်တာမို လက်မလွှတ်တမ်း စောင့်ကြည့်ရမယ့်ကားတစ်ကား ဖြစ်လာမှာပါ။
Deok-Hee (Sul Kyung-Gu) က အရင်က အရမ်းတော်တဲ့ အာရုံကြောခွဲစိတ်ဆရာဝန် တစ်ယောက်ပါ။ သူ့မှာ Se-Ok (Park Eun-Bin) ဆိုတဲ့ ပါရမီရှိပြီး အရမ်း အလားအလာရှိတဲ့ တပည့်မလေးတစ်ယောက်လည်း ရှိပါတယ်။ ဒါပေမဲ့ သူ့တပည့်နဲ့ပတ်သက်ပြီး သူ့မှာ ရောထွေးတဲ့ခံစားချက်မျိုးတွေ ရှိနေခဲ့ပြီး တစ်ရက်မှာတော့ သူက ခွဲစိတ်ခန်းထဲကနေ သူ့တပည့်မလေးကို အပြီးအပိုင် မောင်းထုတ်လိုက်ပါတော့တယ်။
ဒီလိုနဲ့ တစ်ချိန်က ဉာဏ်ကြီးရှင် ဆရာဝန်မလေး ဖြစ်ခဲ့တဲ့ Se-Ok က လူစားထိုးခွဲစိတ်ဆရာဝန်အဖြစ်နဲ့ တရားမဝင် ဆေးရုံတွေမှာ အလုပ်လုပ်နေခဲ့ရပြီး သူ့ကို ဒီဘဝရောက်စေတဲ့ဆရာဖြစ်သူနဲ့ ပြန်လည် တွေ့ဆုံခဲ့တဲ့အခါမှာတော့..
အရည်အချင်းရှိ ပါရမီပါကြတဲ့ ဆရာ တပည့်နှစ်ဦးက ထိပ်တိုက်ရင်ဆိုင်တွေ့ကြတဲ့အခါ ဘယ်သူကများ အနိုင်ရရှိသွားမလဲ၊ ပဋိပက္ခတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းကြမလဲ၊ ဆရာဖြစ်သူက ဘာအကြောင်းနဲ့များ အရမ်းတော်တဲ့ တပည့်မလေးကို တပည့်အဖြစ်ကစွန့်လွှတ်ခဲ့တာလဲဆိုတာတွေကို အပတ်စဉ် Wednesday တိုင်း စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်။