Movie Name
Tiger Squad (2025)
Year
2025
Generes
Action, Adventure, War
Code
CN1056
Type
Movie
Size
698 MB
Country
China
Description
စစ်ကားတွေကိုပဲ ကြည့်ချင်ပါတယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တွေအတွက် Tiger Squad ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ လုပ်တဲ့အချိန်မှာ အနီနဲ့အပြာ အဖွဲ့နှစ်ဖွဲ့ခွဲပြီး စစ်မြေပြင်အစစ်ကို ရောက်နေသလို လေ့ကျင့်ကြပါတယ်။ အနီရောင်တပ်က အတော်ဆုံးတပ်ဖွဲ့ဖြစ်တဲ့ ထျန်းဟူတိုက်ခိုက်ရေးတပ်ဖွဲ့ဟာ ထောက်လှမ်းစစ်ဆင်ရေးလုပ်ဆောင်နေတဲ့အချိန်မှာ အပြာရောင်တပ်ရဲ့ ထောင်ချောက်ထဲ ဝင်သွားခဲ့ပါတယ်။ စနိုက်ပါသမားဦးဆောင်တဲ့ အဖွဲ့ဝင် ၆ ယောက်ပဲ ကျန်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်း အနီအပြာတပ်နှစ်တပ်ရဲ့ စစ်ရေးအခြေအနေက ပြင်းထန်လာခဲ့ပါတယ်။ အခုမှ ထွက်ပြေးလွတ်မြောက်လာတဲ့ထျန်းဟူအဖွဲ့ဟာ ညွှန်ကြားရေးဌာနက လျှို့ဝှက်တာဝန်ပေးမှုကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီတာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ပါ့မလား…… အနီရောင်တပ်နဲ့ အပြာရောင်တပ်တို့ စစ်ရေးလေ့ကျင့်မှုမှာ ဘယ်သူက အနိုင်ရမလဲ…… ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။