Movie Name
Underground (1995)
Year
1995
Generes
Comedy, Drama, Family
Code
EN4524
Type
Movie
Size
2.14 GB
Country
Hollywood
Description
IMDb 8/10 ဒုတိယကမ္ဘာစစ် နာဇီတွေ ဥရောပမှာအင်မတန်တန်ခိုးထွားနေချိန်…. နာဇီဆန့်ကျင်ရေးအတိုက်အခံ ယူဂိုစလပ်ကွန်မြူနစ်တွေကို လက်နက်မှောင်ခိုထုတ်ပြီးရောင်းတဲ့ ”မာကို”နဲ့ ”ဘလက်ကီ”(ဆိုးဖော်ဆိုးဖက်သူငယ်ချင်းနှစ်ယောက်) ဘလက်ကီတစ်ယောက် နာဇီနှိပ်စက်ခံရပြီး မာကို့အိမ်အောက်က လက်နက်မှောင်ခိုထုတ်တဲ့ဧရာမမြေအောက်ခန်းကြီးထဲမှာ ဆေးကုရင်း တခြားရဲဘော်တွေနဲ့အတူ နေထိုင်ဖို့ဖြစ်လာရာကနေ မာကိုဟာ ဘလက်ကီတို့တစ်သိုက်ကို သွေးအေးအေးနဲ့အချိုသပ်ပြီး ရက်ရက်စက်စက် ကြိုးကိုင်ဖို့ကြိုးစားခဲ့ပါတော့တယ်….. ဒီရုပ်ရှင်ဟာ dark comedy,drama ဖြစ်ပြီး ဒုတိယကမ္ဘာစစ်၊ စစ်အေးခေတ်နောက်ခံနဲ့ နိုင်ငံရေးရှုပ်ထွေးမှုတွေကိုအခွင့်ကောင်းယူပြီိး ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့တဲ့ လူတန်းစားနဲ့ သူတို့ကြောင့်ဘဝပျက်သွားရတဲ့လူတန်းစားနှစ်ရပ်အကြောင်းကို dark comedy ဝေဝေဆာဆာနဲ့ ဇာတ်ကောင်တစ်ခုချင်းစီ ပီပီပြင်ပြင်ပုံဖော်ထားတာမို့ ကြည့်ရတာတန်မဲ့ ကားကောင်းတစ်ကားပါပဲ