-
Movie Name
-
Agent (2024)
-
Year
-
2024
-
Generes
-
Action, Thriller
-
Code
-
IND1614
-
Type
-
Movie
-
Size
-
1.62 GB
-
Country
-
Bollywood
-
Description
-
Agent (2024)”အေးဂျင့်”
===================
၂၀၁၇ ခုနှစ်က ထွက်ခဲ့တဲ့ Hello ဆိုတဲ့ ရုပ်ရှင်ထဲမှာ တယောထိုးလိုက်
ခုန်ပျံကျော်လွှားလုပ်လိုက်နဲ့ နာမည်ကြီးခဲ့တဲ့ တေလေဂူးမင်းသားချော
အက်ခေးလ်နဲ့ မာလျာလမ် ဂန္ထ၀င်မင်းသားကြီး မာမူသီတို့ အဓိကပါဝင်ထားတဲ့
တေလေဂူးစကားပြော စပိုင် အက်ရှင် သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကို
ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ မီဒီယာ၊ အစရှိတဲ့
တိုင်းပြည်ဒေါက်တိုင်တွေအားလုံးကို အီလူမီနာတီအဖွဲ့လိုမျိုး
အဖွဲ့အစည်းတစ်ခုက နောက်ကွယ်ကနေ ချုပ်ကိုင်ထားပါတယ်။
အဲဒီအဖွဲ့ကြီးကို ကြိုးကိုင်နေတဲ့ အဆင့်အမြင့်ဆုံးလူ ခေါင်းဆောင်က
ဂေါ့ဆိုတဲ့လူတစ်ယောက်ဖြစ်ပြီး အားလုံးသိကြတဲ့ အိန္ဒိယထောက်လှမ်းရေးအဖွဲ့
RAW က အဲဒီ ဂေါ့ကို ရှင်းဖို့ ကြိုးစားနေပါတယ်။
ဒါပေမဲ့ အဲဒီလို အရင်းအမြစ်ပေါင်းစုံရှိတဲ့ RAW အဖွဲ့ကတောင်
ဂေါ့ကိုဖမ်းဖို့ ခြေရာလက်ရာ လုံးဝ ရှာမတွေ့ဖြစ်နေတုန်းမှာ
ငယ်ငယ်ကတည်းက စပိုင်တစ်ယောက်ဖြစ်ချင်လို့
နည်းမျိုးစုံလေ့ကျင့်ထားတဲ့ ရစ်ကီဆိုတဲ့
အပျော်တမ်းဟက်ကာကောင်လေးက RAW ရဲ့
စစ်စတမ်ထဲကို ဟက်ခ်ပြီး အေးဂျင့်တစ်ယောက်
ဖြစ်ချင်ပါတယ်လို့ ကမ်းလှမ်းလာတဲ့အခါမှာတော့…။
ရစ်ကီတစ်ယောက် RAW အဖွဲ့ထဲ ဝင်ခွင့်ရသွားမလား၊ ဂေါ့က
ဘယ်လောက်ထိ ပါဝါရှိတဲ့သူလဲ၊ တစ်နိုင်ငံလုံးကို နောက်ကွယ်ကထိန်းချုပ်နေတဲ့
အဖွဲ့အစည်းကြီးကို ဖြိုချနိုင်ကြမလားဆိုတာတွေကို
ရိုက်ချက်ခပ်မိုက်မိုက်တွေနဲ့ ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ…။