-
Movie Name
-
Kalan (2025)
-
Year
-
2025
-
Generes
-
Drama
-
Code
-
IND1616
-
Type
-
Movie
-
Size
-
864 MB
-
Country
-
Bollywood
-
Description
-
Kalan (2025) “အပူမီး”
မှုခင်း-ဒရာမာဇာတ်လမ်းမျိုးမှ နှစ်ခြိုက်တဲ့ ပရိသတ်တွေအတွက်
တမီလ်ဇာတ်လမ်းသစ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအစမှာ ဗင်ဂေဆိုတဲ့ လူငယ်တစ်ယောက်
သူ့မြို့ကိုပြန်လာတာနဲ့ အစပျိုးထားပါတယ်။ ပျော်ပျော်နေတတ်ပြီး
အပေါင်းအသင်းများတဲ့ ဗင်ဂေဟာ လူငယ်ပီပီ မဟုတ်မခံစိတ်ရှိပြီး သူ့ကိုထိလာရင် လုံး၀မခံတဲ့သူမျိုးပါ။
တစ်နေ့တော့ မထင်မှတ်ဘဲ ပြဿနာသေးသေးလေးဖြစ်ရာက
အမှိုက်ကစပြာသာဒ်မီးလောင်တော့တာပဲ။
အဲဒါကတော့ ဘာမဟုတ်တဲ့ပြဿနာလေးကစပြီး ဗင်ဂေအသတ်ခံလိုက်ရတာပါ။
အဲဒီအဖြစ်ကို ဗင်ဂေရဲ့အမေနဲ့ ဦးလေးဖြစ်သူကလည်း ကြိတ်မနိုင်ခဲမရနဲ့ လုံး၀မကျေနပ်ကြပါဘူး။
အဲဒီလို ဗင်ဂေသေဆုံးမှုက အစပျိုးလိုက်တာ ရဲတွေနဲ့ ပြည်သူတွေကြား
ဘယ်လိုတွေ အမှုဆက်ပွေဦးမလဲ၊ သူ့ဦးလေးနဲ့အမေကရော
ဘယ်လိုအခန်းကဏ္ဍက ပါ၀င်သွားမလဲ၊ ဘယ်သူတွေ ဘယ်လိုအပူမီးတောက်လောင်ကြမလဲဆိုတာကို
ဒုစရိုက်မှု၊ မတရားမှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့အတူ ဒရာမာနှောပြီး စိတ်၀င်စားစရာ ကြည့်ကြရမှာဖြစ်ပါတယ်။