Movie Name
Clash Of The Titans (2025)
Year
2025
Generes
Fantasy, Romance
Code
SC0933
Type
Series
Size
14.1 GB
Country
China
Description
1-40 Complete ရှန်ရှား ဝူရှားကားမျိုးမှ ကြိုက်တယ်ဆိုတဲ့ CM ချစ်ပရိသတ်တို့အတွက်ကို ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးကတော့ Clash of the Titans (2025) ပါ.. မန်းဂထဲက ခွဲထွက်လာတဲ့ ကျန်းယွီရှီ မမရဲ့ ကားသစ်လေးမလို့ ရူပဒါနမြောက်မှာသေချာပါတယ်… Dashing Youth က ဝူမင်သခင်လေး၊ Flourished Peonyက လီရှင်း အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ထုံမုန့်ရှီကို ဒီကားမှာ ဇာတ်လိုက်မင်းသားအဖြစ်နဲ့တွေ့ရမှာပါနော်… ဇာတ်လမ်းလေးကို ပြောရမယ်ဆိုရင်… အမှားနဲ့အမှန်၊ အကောင်းနဲ့အဆိုးတို့ဟာ နှစ်ထောင်ပေါင်းများစွာကတည်းက သံသယတွေနဲ့အတူ မခွဲနိုင်မဖျက်နိုင်အောင် တွဲကပ်နေခဲတယ်။ ဒီသမိုင်းကြောင်းထဲမှာ ပေါ်ထွက်လာတဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်ပေါ့… ဖန်ဆင်းမှုနဲ့ ဖျက်စီးမှု တို့ကြားမှာ ချစ်ခြင်းမေတ္တာက ပေါက်ဖွားလာမှာလား… Fengyue Jianzun နဲ့ နတ်ဆိုးကြယ်သခင် Feng Xing တို့က ဒီသမိုင်းပေါ်မှာ အဆုံးအဖြတ်ချနိုင်ဖို့ တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ကြရတယ်။ ဒါပေမဲ့ တကယ် စိတ်ဝင်စားဖို့ကောင်းတာကတော့ Shen Shao You နဲ့ Feng Li Xue တို့ရဲ့ မထင်မှတ်တဲ့ မိတ်ဆွေဖြစ်မှုပေါ့… မေတ္တာရော မုန်းတီးမှုရော စုစည်းထားတဲ့ Shen Shao You ဟာ ဆရာကိုကယ်ဖို့ ဆုံးဖြတ်ချက်တစ်ခု ချလိုကတယ်။ ဒါကတော့ သူ့မိတ်ဆွေ Feng Li Xue ကို ရှင်းပစ်ဖို့အတွက် ချောက်ကမ်းပါးကနေ တွန်းချလိုက်ရတာပဲ။ အဲဒီအချိန်မှာ Feng Li Xue ဟာ မသေဘဲ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူအဖွဲ့ရဲ့ Chong Hua ဆရာကြီး ကယ်တင်တာခံလိုက်ရပါတယ်။