Movie Name
Winter Spring Summer Or Fall (2024)
Year
2024
Generes
Drama, Romance
Code
EN4534
Type
Movie
Size
860 MB
Country
Hollywood
Description
ဒီကားမှာတော့ Wednesday Cast နှစ်ယောက်စလုံးဖြစ်တဲ့ Jenna Ortega နှင့် Percy Hynes White တို့ပါ၀င်ထားပါတယ် ။ ရယ်မီအန်ဂလာဆိုတဲ့ ကောင်မလေးဟာ မိဘတိုင်းနီးပါး ပါးစပ်က “သူများအိမ်က ကလေးဆိုရင် ဘယ်လို” ဆိုတဲ့ ဘ၀လေးကိုပိုင်ဆိုင်ထားသူပါ ။ အပြည့်အ၀ထောက်ပံ့ပေးတဲ့မိဘနှစ်ပါးရှိတဲ့ လူရည်ချွန်၊ ထိပ်တန်းကျောင်းသူလေးက ရည်မှန်းချက်ကလဲ ဟားဗတ် တက်ပြီး ရှေ့နေတစ်ယောက်ဖြစ်လာချင်တာတဲ့ ။ အဲ့လိုမျိုးပြည့်စုံ‌ပေမယ့် ပုံသေဆန်တဲ့ သူ့ကမ္ဘာ‌လေးထဲကို ဘန်းစ်ဆိုတဲ့ ဘ၀ကို‌ပျော်ပျော်နေပြီး အပင်တွေ၊ ဂီတတွေကို သဘောကျတတ်တဲ့ Broken Family က ကောင်လေး တစ်ဦး၀င်လာတဲ့အခါ ငြိမ်သက်တဲ့ရေပြင်လေးပေါ် လှိုင်းလေးတွေခတ်စပြုလာတယ် ။ ဆန့်ကျင်ဘက်တွေက ဆွဲငင်ကြတယ်ဆိုတဲ့သဘောအတိုင်း ရထားဘူတာရုံမှာ သူတို့နှစ်ယောက်စတင်ဆုံတဲ့အချိန်ကစပြီး ပုံပြင်လေး တစ်ခုစဖြစ်လာပါတယ် ။ ကွာခြားလွန်းတဲ့ ကမ္ဘာနှစ်ခုက လူနှစ်ဦးဟာ အတူရှိဖို့ အတွက် သူတို့ဘ၀ကို ဘယ်လိုပုံဖော်သွားကြမလဲဆိုတာ ကိုတော့ ဆက်လက်စောင့်ကြည့်လိုက်ကြနော် ။ Wednesday S2 မထွက်ခင် ဒါလေးအရင်ကြည့်ထားပြီး စောင့်လိုက်ရအောင် ။