Movie Name
Manada Kadalu (2025)
Year
2025
Generes
Romance
Code
IND1631
Type
Movie
Size
1.69 GB
Country
Bollywood
Description
Manada Kadalu (2025) “အချစ်မီးလျှံလေးများ” ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းမျိုးမှ ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် လူငယ်အချစ်-ဒရာမာ ဇာတ်လမ်းတစ်ပုဒ် လာပါပြီ။ အချစ်နဲ့ဒရာမာမှာ ဟာသလေးတွေနှောထားတာမို့ အချစ်နဲ့ အလွမ်း၊ ပျော်စရာနဲ့ငိုစရာ ရသစုံခံစားကြရမှာပါ။ ဆူမူခါဟာ ဆေးကျောင်းနောက်ဆုံးနှစ်တက်နေတဲ့ လူငယ်တစ်ယောက်ပါ။ ဖခင်ကဆရာ၀န်မို့ သူလည်း ဆေးကျောင်းရောက်လာခဲ့တဲ့ ဆူမူခါတစ်ယောက် ကောလိပ်နောက်ဆုံးနှစ်မှာ ကြုံရတဲ့ဖြစ်ရပ်တစ်ခုကြောင့် ကျောင်းထွက်ပြီး လေလွင့်နေပါတော့တယ်။ အဲဒီအချိန်မှာပဲ ရာရှီကာဆိုတဲ့ အားကစားမယ်လေးနဲ့ ဆုံမိပြီး ဆူမူခါတစ်ယောက် အရူးအမူးစွဲလမ်းသွားပါတယ်။ ရာရှီကာ သူ့ခရစ်ကတ်ပြိုင်ပွဲအတွက် အချိန်ပေးဖို့ တောင်းဆိုပြီး ၆ လကြာမှတွေ့ဖို့ ချိန်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ ချိန်းဆိုထားတဲ့အတိုင်း ၆ လပြည့်တဲ့နေ့မှာ ရာရှီကာကိုမတွေ့ခဲ့ရပါဘူး။ အဲဒါကြောင့် ဆူမူခါဟာ ပျောက်ဆုံးနေတဲ့ရာရှီကာကို လိုက်လံရှာဖွေရင်း ကျွန်းတစ်ကျွန်းကို ရောက်ရှိသွားပါတယ်။ အဲဒီကျွန်းပေါ်မှာ ဆူမူခါတစ်ယောက် ရာရှီကာအပြင် သူ့ရဲ့သူငယ်ချင်းမချောချောလေး အန်ဂျလီနဲ့ပါ ရင်းနှီးခင်မင်သွားတဲ့အခါ…။ ဆူမူခါ၊ ရာရှီကာနဲ့ အန်ဂျလီတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းက ဘာဆက်ဖြစ်မလဲ… ရာရှီကာက ဘာလို့ဇာတ်မြှုပ်ပြီး ကျွန်းပေါ်ရောက်နေတာလဲ၊ ကျွန်းပေါ်မှာ သုံးယောက်သား ဘာတွေရင်ဆိုင်ကြုံတွေ့ရမလဲ ဆိုတာ… ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။