Movie Name
Kingston (2025)
Year
2025
Generes
Drama
Code
IND1635
Type
Movie
Size
1.06 GB
Country
Bollywood
Description
Kingston (2025) (ပင်လယ်ဘုရင်) သိုရ်ဗာသူရ်ရွာလေးဟာ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ပင်လယ်ဘေးက ရွာလေးတစ်ရွာပေါ့။ တံငါရွာဖြစ်တဲ့အတိုင်းပဲ ဒီရွာလေးက ရွာသားတွေဟာ ငါးဖမ်းတာကိုပဲ ကျွမ်းကျင်ပြီး တခြားအလုပ်ဆိုလို့ မလုပ်တတ်ကြပါဘူး။ တစ်ရက်ကျတော့ ဒီရွာလေးမှာ ကံကြမ္မာဆိုးကြီး ဝင်လာပါတော့တယ်။ အဲဒီ ကံကြမ္မာဆိုးကြီးကတော့ အရမ်းကို ရက်စက်တဲ့ဝိညာဉ်ဟာ ဒီမြေပေါ်မှာ သူ့ခန္ဓာတည်သရွေ့ ဒီရွာသားတွေ ပင်လယ်ကို အသုံးပြုပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်လို့မရအောင် ကျိန်စာတိုက်လိုက်တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ငါးဖမ်းခြင်းလုပ်ငန်းကို အားပြုပြီး စီးပွားရှာကြတဲ့ ဒီရွာလေးမှာ ပင်လယ်ကို ထွက်လိုက်တာနဲ့ အဲဒီလူက ပြန်မလာနိုင်တော့တဲ့အထိ ဖြစ်ခဲ့ရာက ပြည်တွင်းရေးဝန်ကြီးမှ ဒီရွာကို ငါးဖမ်းမစားရဘူးဆိုတဲ့အမိန့်နဲ့ ပင်လယ်ကို ချိတ်ပိတ်လိုက်ပါတော့တယ်။ ဒီလိုအဖြစ်ဆိုးနဲ့ ကျိန်စာတိုက်ခံလိုက်ရတဲ့အချိန်မှာ ပင်လယ်ထဲရောက်နှင့်နေပြီးသား သူတွေလည်း ဒီရွာကို ပြန်မလာနိုင်ခဲ့ပါဘူး။ အဲဒီသူတွေအထဲမှာ ချာလီဆိုတဲ့သူလည်း ပါဝင်ပါတယ်။ ချာလီ့မှာ သားလေးတစ်ယောက်ရှိပြီး သူ့နာမည်ကတော့ ကင်းလို့ခေါ်ပါတယ်။ ကင်းဟာ ဖခင် ပင်လယ်ထွက်သွားရာက ပြန်မလာနိုင်ပေမဲ့ သေသွားတယ်လို့ လက်မခံဘဲ တစ်နေ့တော့ ဖခင်ဖြစ်သူကို ပြန်ခေါ်နိုင်ဖို့ ပင်လယ်ထဲကို ထွက်မယ်ဆိုပြီး လုပ်ထားသူပါ။ ဒီလိုနဲ့ ကင်းတစ်ယောက် အရွယ်ရောက်လာတဲ့အချိန်မှာတော့ တစ်ရွာလုံး တားမြစ်ခံထားရတဲ့ ပင်လယ်ထဲကို ထွက်နိုင်မှာလား ……… သူတို့ရွာရဲ့ ကျိန်စာဆိုးကြီးကိုရော ချေဖျက်ပေးလိုက်နိုင်မှာလား …… ဆိုတာကို ဆက်လက်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။