Movie Name
Take My Hand (2024)
Year
2024
Generes
Drama, Romance
Code
EN4553
Type
Movie
Size
968 MB
Country
Hollywood
Description
ဒီတစ်ခေါက်တော့ 2024 တုန်းက ထွက်ရှိခဲ့တဲ့ Romance/Drama ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ ဒါရိုက်တာ John Raftopoulous ဟာ သူနဲ့ သူ့ဇနီး Claire Jensz တို့ရဲ့ လက်တွေ့ဘဝ အချစ်ဇာတ်လမ်းကို အခြေပြုပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အလုပ်အကိုင်အရရော ၊ ငွေကြေးပိုင်းမှာရော အောင်မြင်မှုထိပ်ဆုံးကို ရောက်နေတဲ့ လော်ရာ ဆိုတဲ့ ကလေးသုံးယောက်အမေ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ဟာ သူ(မ)မှာ MS ရောဂါ ( ဦးနှောက်နဲ့ ပင်မအာရုံကြောစနစ်ကို ထိခိုက်စေသော ရောဂါတစ်မျိုး ) ရှိနေတာကို သိလိုက်ရတဲ့နောက် အလုပ်ထွက်လိုက်ရပါတယ်။ တစ်ဆက်တည်းမှာပဲ သူ့ယောက်ျားကပါ ရုတ်တရက် အက်ဆီးဒင့်ဖြစ်ပြီး သေဆုံးသွားတဲ့အခါ သူ(မ)ရဲ့ မိဘတွေရှိတဲ့ မွေးရပ်မြေ ဩစတြေးလျကို သားသုံးယောက်နဲ့အတူ ပြောင်းရွေ့လာခဲ့ရပါတော့တယ်။ လော်ရာတစ်ယောက် ဩစတြေးလျမှာ သူ(မ)ရဲ့ အထက်တန်းကျောင်းတုန်းက အချစ်ဦးနဲ့ အမှတ်မထင် ပြန်လည်တွေ့ဆုံခဲ့ပြီး ချစ်ခြင်းမေတ္တာမှာ မျှော်လင့်ချက်အသစ်တွေ ရရှိလာရင်း MS ရောဂါကို ရင်ဆိုင်ခဲ့ပုံကို ရိုက်ကူးပြထားပါတယ်။