Movie Name
N.E.S.T (2025)
Year
2025
Generes
Thriller
Code
IND1641
Type
Movie
Size
944 MB
Country
Bollywood
Description
N.E.S.T (2025) “အသိုက်အမြုံ” မှုခင်း စုံထောက် ပရိသတ်တို့အတွက် ဆန်းကြယ်တဲ့ဇာတ်မြှုပ်ကွက်တွေနဲ့ စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ဗစ်ရှဝပ်က အဖြစ်မှန်မပေါ်‌ သေးတဲ့ အမှုတစ်ခုကို လိုက်ဖို့ကြုံလာပါတယ် ဒီအမှုရဲ့သဲလွန်စတွေက မသေချာမရေရာသလို သဘာဝလွန်ဆန်သလိုနဲ့ ဖြစ်ခဲ့စဉ်အချိန်ကလည်း ကောက်ချက်မချနိုင်ခဲ့ကြပါဘူး ဖြစ်စဉ်ကို နစ်နာသူဆတ်တယာရဲ့ ဇနီးဖြစ်သူ ဆာဗီက ပြောပြထားပါတယ်အဖြစ်ကဒီလိုပါ တစ်ည သူ့‌ခင်ပွန်းဖြစ်သူဆတ်တယာက အိမ်ပြန်နောက်ကျပါတယ် သူဖုန်းခေါ်တော့လည်း မကိုင်ပြန်ပါဘူးပြန်ရောက်လာချိန်မှ သူ့ကိုပြောတာက သူ့ကား လမ်းမှာပျက်လို့ အနီးနားက အိမ်တစ်အိမ်မှာ အကူအညီတောင်းရင်း ပြင်ဆင်ရင်း စကားစမြည်ပြောဆိုရင်း နောက်ကျသွားတာပါတဲ့ ဒီနေ့ခေတ်မှာ လူကောင်းတွေဟာ ရှားပါးလာ‌ပေမဲ့သဘောမနောကောင်းသူ သက်လတ်ပိုင်းအရွယ် လိုကီဆိုတဲ့သူက သူ့ကိုကူညီခဲ့ကြောင်း ဆတ်တယာက တစ်ညလုံးတစ်ဖွဖွပြောနေပါတယ် သူ့မိန်းမကတော့ သူကဆေးစွဲဖူးသူတစ်ဦးမို့ တစ်နေရာမှာ မူးယစ်ဆေးသုံးနေတယ်ပဲထင်တာပါတဲ့ သူ့ကိုမယုံရင် မနက်ဖြန် သူတို့ပျိူးခင်းက အပင်လေးတစ်ပင်ကိုသွားပေးရင်း လိုကီနဲ့မိတ်ဆက်ပေးပါမယ်ဆိုပြီး နောက်နေ့မနက်ကျ နှစ်ယောက်သား ထွက်လာပါတော့တယ် ရောက်မှသိလိုက်ရတာက အဲဒီနေရာမှာ ဘာအိမ်မှရှိမနေတာပါ အနီးနားကသူတွေကလည်း သူတို့တစ်သက်လုံး ဒီနေရာမှာ ဘာအိမ်မှမရှိခဲ့ပါလို့ပဲ ပြောနေကြပါတယ် သူတို့တွေ့ခဲ့တာဆိုလို့ အဲဒီညက အိမ်ထဲမှာ ဆတ်တယာတွေ့ခဲ့တဲ့ လိပ်ပြာပုံရှိတဲ့ ရင်ထိုးအရွယ် ပစ္စည်းလေးတစ်ခုပါပဲ အဲဒီညမှာ ဆာဗီက အသံတစ်သံကိုကြားလိုက်ပါတယ် အဲဒီညကစလို့ ဆတ်တယာအိမ်ပြန်မရောက်လာတာ သုံးရက်ရှိပါပြီ သူ့ဘာသာထွက်သွားတာလား တစ်ယောက်ယောက် သူ့ကိုပြန်ပေးဆွဲသွားတာလားဆိုတာလည်း ဆာဗီကမသိပါဘူး အဲဒီလိုနဲ့ စုံထောက်ဗစ်ရှဝပ်နဲ့သူ့ပါတနာစုံထောက်ဆီ ရောက်ရှိလာတာပါ အဲဒီတော့ ဆတ်တယာကပဲထင်ယောင်ထင်မှားဖြစ်တာလား သူတို့အိမ်ထောင်ရေးကပဲမပြေလည်မှုရှိနေခဲ့တာလား လိုကီဆိုတဲ့သူနဲ့ သူ့အိမ်ကရောဘယ်လိုလဲ……..…………………………………… စတဲ့မေးခွန်းတွေရဲ့အဖြေကိုသိရဖို့ ဒီဇာတ်လမ်းလေးထဲမှာ အဖြေထုတ်ကြည့်ကြရအောင်ပါ