-
Movie Name
-
The Diplomat (2025)
-
Year
-
2025
-
Generes
-
Drama, Thriller
-
Code
-
IND1643
-
Type
-
Movie
-
Size
-
882 MB
-
Country
-
Bollywood
-
Description
-
The Diplomat 2024 သံအမတ်တစ်ယောက်ရဲ့ဘဝခရီး
IMDb – 7.4/10
မင်းသားကြီး John Abraham ရဲ့ positive reviewတွေပိုင်ဆိုင်ထားတဲ့ The Diplomat ဆိုတဲ့ ဇာတ်ကားလေး
ထွက်ထွက်လာချင်းမှာပဲ CM Bollywood ပရိသတ်တို့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီဗျ။
ဒီဇာတ်ကားလေးကတော့ မျိုးဆက်ပေါင်းများစွာ အာဃာတတွေထားပြီး အမြဲအင်အားချင်းပြိုင်နေတဲ့ နိုင်ငံနှစ်နိုင်ငံကြားက
သံအမတ်တစ်ယောက်ရဲ့ဘဝကို ပုံဖော်ထားတာဖြစ်ပြီး ပါကစ္စတန်ကို ဖျားယောင်းခေါ်ဆောင်သွားခံရတဲ့ အိန္ဒိယနိုင်ငံသူလေးကို
အိန္ဒိယကို ပြန်ခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့တဲ့ အိန္ဒိယသံအမတ်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို အခြေခံထားတာဖြစ်ပါတယ်။
အိန္ဒိယနဲ့ပါကစ္စတန်လို့ပြောလိုက်ရင် နိုင်ငံချင်းကပ်ရပ်ဖြစ်နေပေမဲ့ ၃ နဲ့ ၄ လိုမျက်နှာချင်းမဆိုင်ကြတာ အားလုံးအသိပါပဲ။
ဒီတော့ ပါကစ္စတန်နိုင်ငံထဲက အိန္ဒိယသံရုံးက သံအမတ်တစ်ယောက်အတွက်တော့ အရာရာဟာ ကြိုးတန်းပေါ်လမ်းလျှောက်နေရတဲ့ဘဝပါ။
ဒီလိုနဲ့တစ်နေ့ သံရုံးထဲကို အုဇ်မာဆိုတဲ့အမျိုးသမီးတစ်ယောက် ရုတ်တရက်ပြေးဝင်လာပြီး ကူညီဖို့ ငိုယိုအကူအညီတောင်းခံပါတော့တယ်။
ပါကစ္စတန်မှာ ဒါမျိုးတွေကြုံနေကြအပြင် စာရွက်စာတမ်းနဲ့တူတာ အိန္ဒိယပတ်စပို့ပဲရှိနေပါသတဲ့။
ဖြစ်နိုင်ခြေနည်းတဲ့ သူ့ရဲ့ထွက်ဆိုချက်တွေကြောင့် သူ့ကို ဘယ်သူမှမယုံကြပေမဲ့ စစ်ဆေးကြည့်တဲ့အခါ ဖျားယောင်းခံရ လိမ်ညာလက်ထပ်ခံရ
လိင်အကြမ်းဖက်ခံရတဲ့ သနားစရာမိန်းကလေးမှန်းသိသွားတဲ့နောက် သံအမတ်ကြီးဂျေပီဆင်းဂ်က သူ့ကိုကူညီဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့…
နိုင်ငံနှစ်နိုင်ငံကြား သံတမန်ရေးရာကိစ္စတွေ ပဋိပက္ခတွေနဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာဘဝ မိသားစုရေးရာတွေကြား အုဇ်မာကို
သူဘယ်လိုကယ်ထုတ်မလဲဆိုတာ လှလှပပ ပုံဖော်ထားတဲ့ Political drama ကောင်းတစ်ကားကို အခုပဲ CMနဲ့အတူ ရှုစားလိုက်ကြပါဦးစို့။