Movie Name
Lost (2025)
Year
2025
Generes
Thriller
Code
KR0650
Type
Movie
Size
577 MB
Country
Korea
Description
Lost (2025) ************ IMDb… 7.1 ဒီတစ်ခေါက်မှာတော့ မင်းသား Lee Soo-Hyuk နဲ့ ဝူယောင်းဝူကားထဲက “နွေဦးနေ့ရဲ့ နေရောင်ခြည်လေး” Ha Yoon-Kyung တို့ရဲ့ ရုံတင်ကားသစ်‌လေးကို တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – အဆုတ်ရောဂါခံစားနေရတဲ့ နိုင်ငံ့ကိုယ်စားပြု သေနတ်ပစ်ကစားသမား‌လေး ယွန်းထယ်ဟွာ (Lee Soo-Hyuk) က အသက်ဆက်ရှင်နိုင်ဖို့ အဆုတ်အစားထိုးခွဲစိတ်မှု လုပ်ခဲ့ရပါတယ်။ ထယ်ဟွာကို အဆုတ်ပေးခဲ့တဲ့သူကတော့ တခြားသူမဟုတ် ကားတိုက်ပြေးမှု ကျူးလွန်ပြီး အလောင်းပစ်ထားခဲ့တဲ့ လူသတ်သမားဖြစ်တဲ့ သူ့ရဲ့အဖေပါပဲ။ ထယ်ဟွာလည်း သေတာထက် ပိုဆိုးတဲ့ အပြစ်မကင်းစိတ်တွေနဲ့ ရှင်သန်ရင်း ကားတိုက်ပြေးမှု နစ်နာသူရဲ့သမီး ဂွန်မီဂျီ (Ha Yoon-Kyung) ကို လိုက်ရှာနေတော့တာပေါ့။ တစ်နေ့မှာတော့ ထယ်ဟွာတစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ ရွှေဆိုင်မှာ ပစ္စည်းခိုးနေတဲ့ မီဂျီကို မြင်တွေ့လိုက်ရ‌ပေမဲ့ သူ့ရဲ့အပြစ်မကင်းစိတ်တွေ နည်းနည်းပါးပါး လျော့လိုလျော့ငြား မျက်စိမှိတ်ပေးထားခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ မီဂျီက ကားတိုက်ပြေးမှု ဖြစ်တဲ့နေ့က အမှန်တရားကို ထုတ်ပြောပြပြီး သူ့အမေကို အတူ ကူရှာပေးဖို့ ထယ်ဟွာကို ကမ်းလှမ်းလာတဲ့အခါမှာတော့… ကျူးလွန်သူရဲ့ သားနဲ့ နစ်နာသူရဲ့ သမီး… သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုဆက်ဖြစ်မှာလဲ… မီဂျီ့အဖေရဲ့ သေဆုံးမှု နောက်ကွယ်မှာရော ဘယ်လို အမှန်တရားမျိုး ရှိနေမှာလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။