Movie Name
Shark The Storm (2025) Season 2
Year
2025
Generes
Action, Crime, Thriller
Code
SKR1084
Type
Series
Size
1.26 GB
Country
Korea
Description
အပိုင်းသစ် (၁ မှ ၆) စ/ဆုံး 2021 ခုနှစ်က ထွက်ရှိခဲ့တဲ့ Shark : The Beginning ရဲ့အဆက် အမိုက်စား အက်ရှင် Webtoon ကို ပြန်လည်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးထွက်ရှိလို့လာပါပြီ။ ဒီတစ်ခါတော့ The Queen Who Crowns ထဲက ဘုရင်ကြီးကို ဗီလိန်ဇာတ်ရုပ်အဖြစ် တွေ့မြင်ရမှာဖြစ်ပြီး Kim Min-Suk, Wi Ha-joon နဲ့တခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သွားမှာပဲဖြစ်ပါတယ်။ -ဇာတ်လမ်းအညွှန်း- Cha Woo-Sol (Kim Min-Suk) ဟာ ထောင်ကလွတ်လာပြီးနောက်ပိုင်း ထောင်ထွက်ဆိုတဲ့ အမည်းစက်ရှိသော်လည်း နေ့စဥ်ဘဝကို လုံ့လဝီရိယရှိရှိနေထိုင်ရင်း ကိုယ်ခံပညာရှင်တစ်ယောက် ဖြစ်လာဖို့ လေ့ကျင့်သင်ကြားနေသူပါ။ တစ်နေ့မှာတော့ Hyun Woo-Yong(Lee Hyun-Wook) လို့ခေါ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တရားမဝင် ကိုယ်ခံပညာပြိုင်ပွဲတွေကို ဦးစီးပြုလုပ်ပြီး ပျော်ပါးလေ့ရှိသူ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဟာ Cha Woo-Sol ရှေ့ကို အမှတ်မထင်ရောက်ရှိလာပြီး မပြိုင်ချင်တဲ့ပြိုင်ပွဲတစ်ခုကို ပြိုင်ဖို့အတွက် ခြိမ်းခြောက်ဖိအားပေးခြင်း ခံလိုက်ရတဲ့အခါမှာတော့ Cha Woo-Sol တစ်ယောက် သူချစ်ရတဲ့သူကို ကာကွယ်နိုင်ဖို့အတွက် Hyun Woo-Yong ကို ဆန့်ကျင်ရင်း အသက်ရှင်နိုင်ဖို့ ဘယ်လိုကြိုးစားပြီး ရုန်းထွက်သွားမလဲဆိုတာကို အက်ရှင်ကားပီသစွာနဲ့ ကြမ်းကြမ်းရမ်းရမ်း ထိုးချက်တွေနဲ့အတူ ကြည့်ရမှာဖြစ်လို့ ပရိသတ်အကြိုက်တွေ့မဲ့ ကားလေးပဲ ဖြစ်ပါတယ်။