-
Movie Name
-
Eat Run Love ဝေးကွာခြင်း၏အခြားတစ်ဖက်တွင်) (2025)
-
Year
-
2025
-
Generes
-
Romance
-
Code
-
SC0935
-
Type
-
Series
-
Size
-
12.1 GB
-
Country
-
China
-
Description
-
1-28 Complete
“တစ်ခါတလေတော့လည်း ဒီလိုမျိုးပါပဲ။ ကိုယ် မင်းကို မချစ်ဝောာ့လို့ မဟုတ်ပါဘူး။
တကယ့်လက်တွေ့မှာ လောကမှာရှိသမျှ အရာရာက ငွေကြောင့်ဖြစ်နေလို့ပါ”
ဒီတစ်ခါမှာ CM ပရိသတ်ကြီးတို့အတွက် လူငယ်အချစ်ကားလေးတစ်ကား ယူဆောင်လာပါပြီ။
2022 မှာ Lighter and Princess ဇာတ်ကားနဲ့ ပျိုမေတွေရဲ့ နှလုံးသားကို သိမ်းပိုက်ခဲ့တဲ့
မင်းသား Chen Feiyu နဲ့ Legend of Condor Heroes ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့
မင်းသမီး Zhuang Dafei တို့ရဲ့ တက္ကသိုလ်+လုပ်ငန်းခွင် အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။
ကန်းယန်က ဖိနပ်တွေ ဖန်တီးရတာကို သဘောကျတဲ့ ကောင်လေးတစ်ယောက်ပါ။ ရုပ်လည်းချော
ချမ်းလည်းချမ်းသာတော့ သူ့ကို ကျောင်းသားအများစုက သိကြတယ်။ တစ်ဖက်မှာတော့
တင်းကျစ်ထုန်ဆိုတဲ့ ကောင်မလေးက ငွေနဲ့ အချိန်က သူ့ဘဝမှာ အရေးကြီးဆုံးလို့ သတ်မှတ်ထားသူပါ။
သူ့ရည်ရွယ်ချက်ကတော့ ကျောင်းပြီးတဲ့အခါ လစာများများရမယ့် အလုပ်တစ်နေရာ ရဖို့ပါပဲ။
သူတို့နှစ်ယောက်က online survey test တစ်ခုမှာ ရမှတ်တူတာကနေ တစ်ယောက်ကိုတစ်ယောက်
စပြီးသတိထားမိခဲ့ကြတယ်။ တင်းကျစ်ထုန်က ကန်းယန်အကြောင်း အစကတည်းက ကြားဖူးတာမလို့
ဒီကိစ္စအပေါ် အများကြီးအာရုံထားမနေခဲ့ဘူး။ ဒါပေမဲ့ ကန်းယန်ဘက်က “ဟယ်လို” ဆိုတဲ့ မက်ဆေ့လေးတစ်ခု
ဝင်လာတာကနေ သူတို့နှစ်ယောက်ရဲ့ အခြေအနေက သူစိမ်းတွေကနေ ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်သွားကြတယ်။
အချိန်တစ်ခုကြာအောင် အတူရှိလာပြီးချိန်မှာတော့ နှစ်ယောက်လုံးက သူငယ်ချင်းဆိုတာထက်ပိုတဲ့
ခံစားချက်တွေရှိလာကြပြီး ချစ်သူတွေ ဖြစ်သွားခဲ့တယ်။
ကန်းယန်ရဲ့ စိတ်ကူးအိပ်မက်က ဖိနပ်စက်ရုံထောင်ပြီး သူချစ်ရတဲ့ကောင်မလေးနဲ့ ဘဝကို အတူဖြတ်သန်းဖို့ပါပဲ။
ဒါပေမဲ့လည်း ကန်းယန်ရဲ့ မိသားစုစီးပွားရေးက ဒေဝါလီခံသွားရပြီး ညတွင်းချင်း အကြွေးတင်သွားခဲ့တယ်။
ကန်းယန်ဟာ သူချစ်ရတဲ့ကောင်မလေးကို ဒုက္ခတွေထဲ ဆွဲမသွင်းချင်ခဲ့တာမလို့ သူ့ဘက်ကနေ စလမ်းခွဲခဲ့တယ်။
ဖြစ်ကြောင်းကုန်စင်ကို မသိရတဲ့ တင်းကျစ်ထုန်ကလည်း ကန်းယန်ကို အထင်လွဲသွားပြီး အမုန်းကြီး မုန်းသွားခဲ့ပါတယ်။
ဒီလိုနဲ့ပဲ အချစ်ဦးဟာ နှစ်တွေအများကြီး ကွဲသွားခဲ့တော့တာပေါ့။
၁၀ နှစ်ကြာပြီးနောက် လုပ်ငန်းခွင်မှာ ပြန်တွေ့ကြတဲ့အခါ ချစ်သူနှစ်ဦးဟာ အရင်လိုမဟုတ်ခဲ့တော့ဘူး။
အချစ်ကြီးရင် အမုန်းကြီးတယ်ဆိုတဲ့အတိုင်း တင်းကျစ်ထုန်က ကန်းယန်ကို အမုန်းကြီးမုန်းပြီး
ပြိုင်ဖက်တွေဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ကန်းယန်ကတော့ အဲ့လိုမဟုတ်ခဲ့ပါဘူး။
“ဒီတစ်လျှောက်လုံး ကိုယ် မင်းကို ချစ်နေခဲ့တာပါ”
ကန်းယန်က တင်းကျစ်ထုန်ရဲ့ အချစ်တွေကို ပြန်လည်အရယူနိုင်မလား၊ သူတို့နှစ်ဦးကြားက
အထင်လွဲမှုတွေကိုရော ဖြေရှင်းနိုင်သွားမလား၊ သူတို့နှစ်ဦးလုံး အရင်အချိန်တွေကို
ပြန်သွားနိုင်မလားဆိုတာကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါနော်။