-
Movie Name
-
The Humanity Bureau (2017)
-
Year
-
2017
-
Generes
-
Action, Sci-Fi
-
Code
-
00926
-
Type
-
Movie
-
Size
-
701 MB
-
Country
-
Hollywood
-
Description
-
မင်းသားကြီးNicolasCageရဲ့၂၀၁၇ကားကောင်းလေးကိုညွန်းပါရစေ။ဒီကားလေးမှာကမ္ဘာကြီးဟာတဖြေးဖြေးလူတွေရဲ့ နှိပ်စက်မှုကြောင့်ယိုယွင်းပျက်ဆီးလာပါတော့တယ်။အစားရေစာရှားပါးတယ်တယ်။သောက်သုံးရေရှားပါးလာတယ်။နောက်ဆုံးအဝတ်အစားတောင်ဝတ်စရာမရှိအောင်ရှားပါးလာပါတော့တယ်။ တကယ်ကိုဆုတ်ကပ်ရောက်နေတဲ့ခေတ်ပဲဖြစ်ပါတယ်။အဲဒီအချိန်မှာပဲလူသားမျိုးနွယ်စုကိုကယ်တင်ဖို့ဆိုပြီးအမေရိကန်ပြည်ထောင်စုကနေလူသားဖွံ့ဖြိုးရေးဌာနတစ်ခုကိုဖွင့်လိုက်ပါတယ်။လူသားတွေရဲ့အခြေအနေကိစ္စအ၀၀ကိုအဲဒီဌာနကအာဏာအပြည့်သုံးပြီးလုပ်ပိုင်ခွင့်ပေးထားလိုက်ပါတယ်။မင်းသားကြီးနီကိုလပ်စ်ကေ့ဟာအဲဒီဌာနကအေးဂျင့်တစ်ယောက်ပဲဖြစ်ပါတယ်။အစိုးရရဲ့မူဝါဒဖြန့်ဖြူးမှုတွေကြောင့် သူ့အလုပ်ဟာလူတွေကိုပိုမိုကောင်းမွန်တဲ့ဘဝဆီပို့ပေးနေတာလို့ရိုက်သွင်းခံရသူပါ။ဥပဒေအရနိုင်ငံသားတစ်ဦးဟာကုန်ထုတ်လုပ်မှုစွမ်းရည်၊နိုင်ငံအတွက်အကျိုးမဖြစ်ထွန်းနိုင်ရင် ရာဇဝတ်မှုမြောက်တဲ့အတွက် အဲဒီလူတွေကိုသွားရောက်ဆွေးနွေးပြီးဧဒင်ဥယျာဉ်သစ်ဆိုတဲ့မြို့ကိုပို့လေ့ရှိပါတယ်။အဲဒီမှာဘဝအသစ်တည်ဆောက်ပြီး နိုင်ငံအတွက်အကျိုးရှိတဲ့လူဖြစ်စေဖို့ပါ။Krossအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားကြီးNicolas Cageဟာထိုလူတွေကို သွားရောက်စစ်ဆေးပြီးဧဒင်ဥယျာဉ်မြို့သစ်ဆီကိုပို့ပေးရတဲ့သူပဲဖြစ်ပါတယ်။တစ်နေ့ပုံမှန်အတိုင်းအလုပ်လုပ်နေရင်း အမှုတစ်ခုမှာလူသေမှုဖြစ်သွားပါတယ်။အဲဒီကနေမှတဆင့်ပြင်ပပြည်သူလူထုရဲ့ရင်ထဲကတကယ့်ခံစားချက်ကိုတဖြေးဖြေး သဘောပေါက်လာပြီး အစိုးရရဲ့လုပ်ရပ်တွေကိုသံသယရှိလာပါတော့တယ်။အဲဒီနောက် လျို့ဝှက်ချက်တစ်ခုကိုတွေ့သွားတဲ့Krossတစ်ယောက် သူ့သံယောဇဉ်ဖြစ်မိတဲ့မိသားစုနဲ့အတူဝေးရာကိုပြေးပါတော့တယ်။Krossတစ်ယောက်ဘာကြောင့်ဒီလိုလုပ်သွားရတာလဲ။ဌာနမှာရာထူးတက်ပြီးအလားအလာရှိတဲ့အနာဂတ်ရှိနေသော်လည်း လူသားတွေကိုချစ်တဲ့Krossတစ်ယောက်ဘာလိုစတေးခံသွားခဲ့သလဲ။ဒီကိစ္စတွေရဲ့နောက်ကွယ်မှာဘာတွေရှိနေမလဲဆိုတာတော့စိတ်ဝင်စားစရာပါ။မင်းသားကြီးရဲ့သဘာရင့်သရုပ်ဆောင်မှုတွေအပြင်တဖြေးဖြေးယိုယွင်းလာတဲ့ကမ္ဘာကြီးရဲ့အခြေအနေကိုလည်းမီးမောင်းထိုးပြထားတဲ့ကားလေးဖြစ်ပါတယ်။ဆိုတော့မင်းသားကြီးNicolas Cageရဲ့ပရိသတ်တွေအနေလက်မလွတ်သင့်တဲ့ကားလေးဖြစ်သလိုကြည့်ရတာစိတ်ဝင်စားစေမယ့်ကားလေးလည်းဖြစ်တာကြောင့်ဒီကားသစ်လေးကိုညွန်းလိုက်ရပါတယ်။