Movie Name
Shark The Beginning (2021)
Year
2021
Generes
Action
Code
KR0652
Type
Movie
Size
1.13 GB
Country
Korea
Description
Shark The Beginning (2021) အခုတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ Action ကားကတော့ Shark ဆိုတဲ့ ကိုရီးယား Webcomic ကိုအခြေခံ ရိုက်ကူးထားတဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ် Cast တွေအနေနဲ့ Racket Boys စီးရီးထဲက Kim Min-suk ၊ 18 Again ထဲက Wi Ha-Joon ၊The Uncanny Counter,Her Private Life စီးရီးတွေထဲက သရုပ်ဆောင် Jung Won-Chang တို့ကပါဝင်ထားကြလို့ အချောတွေစုနေတဲ့ ကားကောင်းလေးတစ်ကားပါပဲ ဇာတ်လမ်းအကျဉ်းကတော့ ချာဝူဆွန်းဆိုတဲ့ကောင်လေးက ကျောင်းမှာ အမြဲအနိုင်ကျင့်ခံနေရတဲ့ စာကြမ်းပိုး ကောင်လေးတစ်ယောက်ပါ သူ့ကို ငယ်ငယ်ထဲက အမြဲအနိုင်ကျင့်တတ်တဲ့ ဘယ်ဆော့ ချန်းဆိုတဲ့ အငယ်တန်း တက်သစ်စ လက်ဝှေ့သမား ကောင်ဆိုးလေး တစ်ယောက်ရှိပါတယ် ဘယ်ဆော့ချန်းက ချာဝူဆွန်းကို မြင်လိုက်တာနဲ့ အမြဲ ရန်သူတစ်ယောက်လို အနိုင်ကျင့် ဆက်ဆံနေတဲ့သူပါ အဲ့နောက်မှာ အလယ်တန်းအောင်တော့ ဒီနှစ်ယောက် တက်ရတဲ့ ကျောင်းချင်းကွဲသွားခဲ့ပါတယ် အဲ့လိုကွဲသွားခဲ့လို အေးချမ်းနေတဲ့ ချာဝူဆွန်းဘဝလေးက တစ်ရက်တော့ သူတို့ကျောင်းကို ကျောင်းသားသစ် တစ်ယောက်ပြောင်းလာတဲ့အချိန် အဲ့ဒီ အေးချမ်းတဲ့ ဘဝလေးက စတင်ပျက်စီးသွားပါတယ် အဲ့ဒီပြောင်းလာတဲ့ကျောင်းသားသစ်က ချာဝူဆွန်းကို အနိုင်ကျင့်နေ ကြ ဘယ်ဆော့ချန်းဖြစ်နေလို့ပါပဲ ဘယ်ဆော့ချန်းကလုပ်နေကြအတိုင်း ချာဝူဆွန်းကိုသာမက သူကြိုက်နေတဲ့ ကောင်မလေးကိုပါ အနိုင်ကျင့်ရိုက်နှက်တဲ့အခါ မခံနိုင်တဲ့အဆုံး လူအေး ချာဝူဆွန်းက ပြင်းပြင်းထန်ထန် လက်တုံ့ ပြန်ခဲ့မိပါတယ် အဲ့လို ချာဝူဆွန်းရဲ့ စိတ်လိုက်မာန်ပါလုပ်ရပ်ကြောင့် ဘယ်ဆော့ချန်းတစ်ယောက်လည်း မျက်လုံး ဒဏ်ရာနဲ့ သေရာပါ ထိခိုက်သွားခဲ့ရင်း ချာဝူဆွန်းလည်း ကလေး ထောင်ကျခဲ့ရပါတယ် အဲ့ဒီကလေးထောင်မှ ချာဝူဆွန်းလိုပဲ အသက်မပြည့်သေးချိန် ဓါးပြမှုတစ်ခုကြောင့် လက်တုံ့ပြန်ရင်း ကလေးထောင်ရောက်လာတဲ့ ရွှေတံဆိပ် သုံးခုရ ကမ္ဘာ့အဆင့် လက်ဝှေ့ချန်ပီယံတစ်ယောက်လည်း ရှိနေပါတယ် သူကတော့ဂျောင်းဒိုယောင်းပါ ချာဝူဆွန်း ဂျောင်းဒိုယောင်းနဲ့ ဘယ်ဆော့ချန်းတို့ ဘယ်လိုတွေ ထိပ်တိုက်တွေ့မယ် ဘယ်လိုတွေ ဖိုက်တင်ချကြမယ်ဆိုတာတော့ ဇာတ်လမ်းကိုခံစားရင်း ကိုယ်တိုင်ပဲ ကြည့်ရှုခံစားစေချင်ပါတယ် လူငယ် Action ကား ကောင်းတကားဖြစ်ပြီး တိုက်တဲ့ခိုက်တဲ့အခန်းတွေကလည်း တော်တော်လေး လက်ဝှေ့ကားပီပီစနစ်ကျ သပ်ရပ်လို့ Action ကားကြိုက်သူတွေအတွက် ကြည့်ကောင်းမယ့် ကားလေးဆိုတာညွှန်းချင်ပါတယ်